spot_img

PSG-နယူးကာဆယ်ပွဲ၌ ပယ်နယ်တီပေးရန် အကြံပြုခဲ့သည့် VAR ဒိုင်ကို ဒုတိယနေ့တွင် တာဝန်မပေးဘဲ ဖယ်ရှားခဲ့   

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် PSG-နယူးကာဆယ်ပွဲ၌ အငြင်းပွားဖွယ် ပယ်နယ်တီပေးရန် အကြံပြုခဲ့သည့် VAR ဒိုင်ကို ချန်ပီယံလိဂ် ဒုတိယနေ့ပွဲစဉ်အတွက် တာဝန်မပေးဘဲ ဖယ်ရှားခဲ့သည်။

ယင်းပွဲတွင် နယူးကာဆယ်အသင်းက ပထမပိုင်း (၂၄)မိနစ်တွင် အီဆက်ခ် သွင်းယူသည့်ဂိုးဖြင့် PSG အသင်းအား ဦးဆောင်ကစားခဲ့သည်။ 

သို့သော် ပွဲပြီးခါနီး နာကျင်အချိန်ပို (၆) မိနစ်တွင် နယူးကာဆယ်နောက်ခံလူ လစ်ဗရာမန်တို ပယ်နယ်တီဧရိယာအတွင်း လက်ထိသည်ဟုဆိုကာ ပယ်နယ်တီ ပေးခဲ့ရသည်။ 

myan789

ဘောလုံးမှာ လစ်ဗရာမန်တို၏ ရင်ဘတ်နှင့်ထိပြီး နောက် တံတောင်ကို ထိခဲ့ခြင်းဖြစ်ပြီး အစောပိုင်းတွင် ပိုလန်ကွင်းလယ်ဒိုင် မာစီနစ်ခ်က ပယ်နယ်တီမပေးရန် ဆုံးဖြတ်ခဲ့သည်။ 

သို့သော် VAR  ဒိုင်ဖြစ် သူ ကီဝစ်ကောစကီး၏ အကြံပေးမှုကြောင့် ကွင်းဘေးရှိ မော်နီတာကို သွားရောက်ကြည့်ရှုပြီးနောက် ဆုံးဖြတ်ချက်ပြင်ဆင်ကာ ပယ်နယ်တီပေးခဲ့ခြင်းဖြစ်ပြီး ဘာပေက ကန်သွင်းခဲ့သောကြောင့် (၁-၁)ဂိုးဖြင့် သရေ ကျခဲ့သည်။ 

ယင်းဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီးနောက် UEFA က မှားယွင်းစွာ အကြံပြုခဲ့သည့် VAR ဒိုင် ကီဝစ်ကောစကီးကို ပွဲစဉ် (၅) ဒုတိယနေ့တွင် တာဝန်ယူရမည့် ဆိုစီဒက်-ဆာလ်ဇ်ဘာ့ဂ်ပွဲစဉ် အတွက် တာဝန်မပေးဘဲ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular