ဂါလာတာစာရေး – မန်ယူ (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)
မန်ယူအသင်းက ဒီအုပ်စုမှာ ၄ ပွဲကစားပြီးချိန်မှာ ၃ ပွဲရှုံးပြီး တစ်ပွဲပဲ သရေကျထားတယ်။ ဒီပွဲမှာ သရေထပ်ကျရင်နောက်ဆုံး ပွဲက ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာဖြစ်လို့ တော်တော်လေးလည်း ခက်ခဲသွားမယ်။ အုပ်စုက တက်ပြီးသားဖြစ်ပေမယ့် ဘိုင်ယန်က မလွယ်ကူတဲ့ ပြိုင်ဘက်ပါ။ ဒီပွဲကမန်ယူအသင်းအတွက် သရေ ကျဖို့ တောင်ခက်ပြီး မဖြစ်အနေ အနိုင်ကစားရမယ့်ပဲွဲဆိုပေမယ့် ဂါလာတာစာရေးကွင်းမှာ ကစားရမှာကလည်း မလွယ်ကူပါဘူး။ ဂါလာတာစာရေးပဲကြိုက်တယ်။
ဆီဗီလာ -PSV (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)
ဥရောပ ပွဲစဉ်တွေမှာ ခြေစွာလေ့ ရှိတဲ့ ဆီဗီလာအသင်းက ဒီနှစ်တော့ ထူးထူးခြားခြား အုပ်စုရဲ့အောက်ဆုံးနေရာကို ရောက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ဆီဗီလာအသင်းက နောက် တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး လက်ကျန်နှစ် ပွဲစလုံး အနိုင်ကစားဖို့တော့လိုတယ်။ အရင်ဆုံး အနိုင်ရဖို့ လို နေတာက ဒီပွဲဖြစ်ပြီး ပထမအကျော့ အဝေးကွင်းမှာတုန်းက ၂-၂ ဂိုးစီ သရေကစားခဲ့တယ်။ ဆီဗီလာရဲ့အတွေ့အကြုံနဲ့ ခြေ စွမ်း၊ အင်အားတွေကြောင့် နိုင်ပွဲ ယူလိမ့်မယ်။
ဘိုင်ယန်မြူးနစ် – FC ကိုပင်ဟေဂင် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
၄ ပွဲကစား၊ ၄ ပွဲနိုင်ပြီး ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ ဘိုင် ယန်မြူးနစ်အတွက် ၅ ပွဲမြောက် နိုင်ပွဲကို ရှာဖွေရမယ့်ပွဲပါ။ ကို ပင်ဟေဂင်က ကြံ့ခိုင်မှု အားကောင်းပြီး မာကျောမှု ရှိတဲ့အသင်း တစ်သင်းပါ။ ပထမအကျော့ အိမ်ကွင်းမှာတုန်းကလည်း ဘိုင် ယန်မြူးနစ်ကို ရှုံးခဲ့ပေမယ့် အတိုင်းအတာတစ်ခုအထိတော့ အ ခက်အခဲ တွေ့စေခဲ့တယ်။ ဒါပေမဲ့ ဒီပွဲက မြူးနစ်မြေမှာ ကစား ရမှာပါ။ ဘိုင်ယန်က အပြည့်အ၀ အားထုတ်ဖို့ မရှိဘူးဆိုရင် တောင် ခြေကွာပါတယ်။ ဘိုင်ယန် ၂၊ ၃ ဂိုးလောက်သွင်းမယ်။
အာဆင်နယ် – လန်းစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
အာဆင်နယ်အသင်းက အုပ်စုဗိုလ်နေရာအတွက် သွား မှာဖြစ်လို့ လန်းစ်အသင်းကို အနိုင်ကစားဖို့ လိုတယ်။ ပထမ အ ကျော့တုန်းက ရှုံးထားတဲ့ ရှုံးကြွေးကိုလည်း အာဆင်နယ် ပြန် ဆပ်ဖို့ လိုနေတယ်။ လန်းစ်အသင်းက ရှုံးထွက်အဆင့်ကို တက် ဖို့ အမှတ်လိုနေတယ်ဆိုပေမယ့် ဒီပွဲမှာတော့ အာဆင်နယ်ဆီက အမှတ်ရဖို့ မရှိပါဘူး။
ရီးယဲလ်မက်ဒရစ် – နာပိုလီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်က ရှုံးထွက်အဆင့်ကို တက်ရောက်သွား ပြီဖြစ်ပြီး နာပိုလီကတော့ အမှတ်လိုနေသေးတယ်။ အနည်းဆုံး တော့ ယူရိုပါလိဂ် ဝင်ခွင့်ရပြီဆိုပေမယ့် ဒီပွဲမှာသာ ရှုံးပြီး၊ ဘရာဂါ ကလည်း နိုင်ခဲ့ရင် တစ်မှတ်ပဲ ကွာတဲ့အခြေအနေကို ရောက်သွား လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအခြေအနေက တကယ်ဖြစ်နိုင်ပြီး လက် ကျန်နှစ်ပွဲမှာ တစ်ပွဲနိုင်ရင် စိတ်ချရမယ့် နာပိုလီအတွက်နောက် ဆုံးပွဲ၊ အိမ်ကွင်း ကျန်ပါသေးတယ်။ ဒီပွဲကတော့ မက်ဒရစ်မြေမှာ နာပိုလီ သရေကိုမျှော်လင့်ကစားရမှာပါ။
စပို့တင်းဘရာဂါ – အူန်ယွန်းဘာလင် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
စပို့တင်း ဘရာဂါအသင်းက နာပိုလီကို အမီလိုက်ဖို့ ကြိုး စားရမှာဖြစ်ပြီး မျှော်လင့်ချက်တော့ နည်းပါတယ်။ ဒါပေမဲ့ ဘာ လင်အသင်းရဲ့ အပေါ်မှာ ရပ်တည်ပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက် သွားဖို့အတွက်လည်း အရေးပါနေတဲ့အတွက် အိမ်ကွင်းမှာ နိုင် ပွဲရအောင် ရုန်းကန်မှာပါ။ ခြေမကွာတဲ့အသင်း နှစ်သင်းဖြစ်လို့ သရေကျနိုင်ခြေလည်း ရှိတယ်။
ဘင်ဖီကာ – အင်တာမီလန် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
အင်တာမီလန်က နောက်တစ်ဆင့် တက်ပြီးသွားပြီ ဖြစ် သလို ဘင်ဖီကာကလည်း အုပ်စုက ထွက်ဖို့ သေချာသွားပြီ။ ဒါ ပေမဲ့ အင်တာမီလန်က အုပ်စုဗိုလ်နေရာကို ပစ်မှတ်ထားနေ သလို ဘင်ဖီကာကလည်း အုပ်စုတတိယနေရာအတွက် အနိုင် ၃ မှတ်လိုအပ်နေပါတယ်။ ဘင်ဖီကာက ဒီရာသီမှာ တော်တော် အားနည်းတာမှန်ပေမယ့် ဒီပွဲတော့ ဘင်ဖီကာကိုကြိုက်တယ်။
ဆိုစီဒက် – ဆာလ်ဇ်ဘာ့ဂ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)
ဆိုစီဒက်က အင်တာမီလန်အသင်းနဲ့ အုပ်စုဗိုလ်နေရာ ကို လုရမှာဖြစ်ပြီး ဆာလ်ဇ်ဘာ့ဂ်ကတော့ ဘင်ဖီကာနဲ့ အုပ်စု တတိယနေရာကို လုရမှာပါ။ ပထမအကျော့တုန်းက ဆိုစီဒက် ကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတယ်။ အခု ဒီပွဲမှာလည်း ဆိုစီဒက် က အုပ်စုဗိုလ်နေရာအတွက် ၃ မှတ် အရေးပါနေလို့ အိမ်ကွင်း မှာ အနိုင်ကစားလိမ့်မယ်။