spot_img

ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အမှားကြောင့် ယခုရာသီတွင် ဘာစီလိုနာရမှတ်(၇)မှတ်ဆုံးရှုံးခဲ့ပြီး အဆင့် (၁)နေရာနှင့် လွဲချော်ခဲ့ရသည့် ပမာဏဖြစ်ခဲ့

ဘာစီလိုနာအသင်းသည် လက်ရှိ ၂၀၂၃-၂၄ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲတွင် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အမှားများကြောင့် ရမှတ် (၇)မှတ်အထိ ဆုံးရှုံးခဲ့ရပြီး ယင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာနှင့် လွဲချော်ရသည့် ပမာဏတစ်ခုဖြစ်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

နိုဝင်ဘာ (၂၅) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ဗယ်လက်ကာနို (၁-၁) ဘာစီလိုနာပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ ပြိုင်ဘက်အသင်းကစားသမားများ၏ ဥပဒေပလုပ်ရပ်များကို ကြုံတွေ့ခဲ့ရသလို၊ ပယ်နယ်တီပြစ် ဒဏ်ဘောရရှိမည့် အခွင့်အရေးတစ်ကြိမ်ကိုလည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။

myan789

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် အနိုင်ရလဒ်နှင့်လွဲချော်ပြီး ရမှတ် (၂)မှတ်ဆုံးရှုံးခဲ့ရသလို အမှတ်ပေးဇယားထိပ်ဆုံးမှ ရီးယဲလ်မက်ဒရစ်နှင့် (၄)မှတ်အထိကွာဟသွားခဲ့သည်။ (မှတ်ချက်- နိုဝင်ဘာ ၂၇ ရက် နေ့အထိ)

စပိန်မီဒီယာများ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေဖြင့် ယခုပွဲစဉ်မတိုင်မီက ရီးယဲလ်အားရှုံးနိမ့်ခဲ့သည့် El Clasico၊ ဂရန်နာနှင့် (၂-၂)ဂိုး သရေကျခဲ့သည့်လာလီဂါပွဲစဉ်များတွင်လည်း ပယ်နယ်တီအခွင့်အရေးများ ငြင်းပယ်ခံရခြင်းအပါအဝင် ဒိုင်လူကြီးများ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်များကြောင့် ရမှတ်ဆုံးရှုံးမှုများကြုံတွေ့နေရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အဆိုပါပွဲစဉ် (၃)ပွဲတွင် ရမှတ် (၇)မှတ်အထိ ဆုံးရှုံးခဲ့ပြီး ယင်းရမှတ်ကိုသာ ထပ်မံထည့်ပေါင်းခဲ့ပါက လက်ရှိအခြေအနေတွင် အမှတ်ပေးဇယားကိုဦးဆောင်ခွင့်ရရှိမည်ဖြစ်သည်။

လာလီဂါလက်ရှိချန်ပီယံ ဘာစီလိုနာအသင်းသည် ယခုရာသီတွင် အဓိက ကစားသမားများ၏ ခြေစွမ်းမတည်ငြိမ်မှု၊ ဒဏ်ရာပြဿနာများပြားမှုတွေကြောင့် ဖိအားများနေပြီး၊ ဘာစီလိုနာနည်းပြဇာဗီကမူ ဒိုင်လူကြီးများ နှင့်ပတ်သက်၍ ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular