spot_img

အယ်လ်နာဆာအသင်း၏ တစ်ပတ်ပေါင်(၅၀၀၀၀၀)ဖြင့် ကမ်းလှမ်းမှုကို ဒီဟေးယား ပယ်ချခဲ့ပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ရောက်ရှိနိုင်

မန်ယူအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် စပိန်ဂိုးသမား ဒီဟေးယားသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ တစ်ပတ်ပေါင်(၅၀၀၀၀၀)ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ဒီဟေးယား(၃၃ နှစ်)သည် ပြီးခဲ့သည့် ဇူလိုင်လတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အတွက် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာရှိခဲ့သော်လည်း အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့ရသည်။

myan789

ယခုအခါ မန်ယူအသင်းဖော်ဟောင်း စီရော်နယ်လ်ဒို ယှဉ်ပြိုင်ကစားနေသည့် အယ်လ်နာဆာအသင်းက ၎င်းကို တစ်ပတ်လုပ်ခပေါင်(၅၀၀၀၀၀)ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ဇူလိုင်လကမှ လက်ထပ်ထားခဲ့သော ဇနီးဖြစ်သူက ဆော်ဒီနိုင်ငံတွင် နေထိုင်လိုခြင်းမရှိသည့်အတွက် ဒီဟေးယားက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ဒီဟေးယားကို စပိန်ကလပ် ဗလင်စီယာနှင့် ဘက်တစ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ မက်ဆီ ယှဉ်ပြိုင်ကစားနေသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

စပိန်ကလပ်များမှာ လစာမြင့်မားစွာ ပေးချေနိုင်ခြင်းမရှိသည့်အတွက် ငွေကြေးအရဆိုပါက အင်တာမိုင်ယာမီအသင်းက အသာစီးရဖွယ်ရှိနေသည်။ ထို့ပြင် စပိန်လက်ရွေးစင်အသင်းဖော်ဟောင်းများဖြစ်သည့် အယ်လ်ဘာနှင့် ဘူးစကွက်စ်တို့ရှိနေခြင်းကြောင့် အင်တာမိုင်ယာမီအသင်းကို ရွေးချယ်နိုင်ခြေရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ဒီဟေးယားသည် ၂၀၁၁ ခုနှစ် ကတည်းက စပိန်မြေမှ ထွက်ခွာလာခဲ့သူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular