spot_img

ပိုချက်တီနိုနှင့် အလုပ်တွဲလုပ်ရသည်မှာ စိတ်လှုပ်ရှားစရာကောင်းကြောင်း ချယ်လ်ဆီးလူငယ်တိုက်စစ်ကစားသမား ပါလ်မာ ဖွင့်ဟ

ချယ်လ်ဆီးလူငယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာက အသင်းနည်းပြ ပိုချက်တီနိုနှင့်အတူ လက်တွဲအလုပ်လုပ်ရသည်မှာ အလွန်စိတ်လှုပ်ရှားစရာကောင်းကြောင်း ပြောကြားခဲ့သည်။ 

အသက် ၂၁ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ပါလ်မာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကမှ မန်စီးတီးအသင်းထံမှ ချယ်လ်ဆီးအသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင် ၄၂ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

myan789

၎င်းသည် ချယ်လ်ဆီးအသင်းတွင် အလျင်အမြန်အထိုင်ကျပြီး ခြေစွမ်းပြကစားလျက်ရှိသည်။ ပါလ်မာက ချယ်လ်ဆီးအသင်းတွင် နည်းပြ ပိုချက်တီနိုနှင့် လက်တွဲအလုပ် လုပ်ရသည်မှာ အလွန်သက်သောင့်သက်သာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပါလ်မာက “ကျွန်တော် ချယ်လ်ဆီးအသင်းကို မပြောင်းခင်ကတည်းက ပိုချက်တီနို ဟာ လူငယ်ကစားသမားတွေနဲ့ အလုပ်လုပ်ရာမှာ ဘယ်လောက်တော်ကြောင်း ကျွန်တော့်ကို လာပြောတဲ့လူတွေ အများကြီးရှိပါတယ်။ အခု သူနဲ့အတူ အလုပ်လုပ်တွဲခွင့်ရတဲ့အခါမှာတော့ သူတို့ပြောတာ အမှန်ပဲဆိုတာကို ကျွန်တော်ကိုယ်တိုင် သိလာရပါပြီ။ ဒီတော့ သူနဲ့အတူ အလုပ်တွဲလုပ်ခွင့်ရတာကို ကျွန်တော် ပျော်ပါတယ်။ သူနဲ့အတူ ဆက်လက်ပြီး လက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်က ဘောလုံးကို အမြဲရယူချင်သူဖြစ်ပြီး အသင်းဖော်အတွက် အခွင့်အရေးတွေ ဖန်တီးပေးရတာကို နှစ်သက်သူပါ။ သူက ကျွန်တော့်ကို ကွင်းထဲမှာ စိတ်ကြိုက်ကစားခွင့်ပေးထားပြီး အဲဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

ပါလ်မာသည် ချယ်လ်ဆီးအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၄ ပွဲတွင် ခြောက်ဂိုးသွင်းကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပေးထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular