spot_img

ယူရိုစိန်ခေါ်မှုကို နှစ်သက်ကြောင်း နာဂယ်စ်မန်း ဆို

ဂျာမန်လက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်းက ယူရိုစိန်ခေါ်မှုကြောင့် နိုင်ငံအသင်းနည်းပြရာထူးကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လစ်လပ်နေသည့် ဂျာမနီလက်ရွေးစင်အသင်း နည်းပြရာထူးအတွက် လူငယ်နည်းပြဖြစ်သူ နာဂယ်စမန်းကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) က စက်တင်ဘာလ(၂၂)ရက်တွင် အတည်ပြုကြေညာခဲ့သည်။

myan789

အဆိုပါနေရာအတွက် ရေပန်းစားသူများအနက်မှ အသင်းလက်မဲ့ဖြစ်နေသည့် နာဂယ်စမန်းကို DFB က ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အသက် (၃၆)နှစ်သာရှိသေးသူ နာဂယ်စမန်းသည် ဂျာမနီလက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးတာဝန်ယူကိုင်တွယ်ခဲ့သည့် အော့တိုနာ့ဇ် (၃၄ နှစ်) နောက်ပိုင်း ဒုတိယအသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

DFB သည် နာဂယ်စမန်းအား ယူရို- ၂၀၂၄ ပြိုင်ပွဲပြီးဆုံးချိန်အထိ ကာလတိုစာချုပ်ဖြင့် ခန့်အပ်ထားပြီး အောက်တိုဘာ(၁၄)ရက်တွင် အမေရိကန်၊ အောက်တိုဘာ(၁၈) ရက်တွင် မက္ကဆီကိုအသင်းများနှင့် ခြေစမ်းကစားမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular