spot_img

နောက်ဆုံးဆယ်စုနှစ်အတွင်း မန်ယူအသင်း ပြောင်းရွှေ့ကြေးအသားတင်အသုံးစရိတ်အများဆုံးဖြစ်ခဲ့ပြီး ယူရိုတစ်ဘီလီယံကျော်သည့်အသင်း (၃)သင်းရှိ

နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း အပြောင်းအရွှေ့အသားတင်အသုံးစရိတ်အများဆုံးအသင်းများထဲတွင် မန်ယူအသင်းက လိုငွေပြမှုအများဆုံးအသင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ အသားတင် လိုငွေပြမှုအများဆုံး ထိပ်ဆုံး ၁၀ သင်းတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ခုနစ်သင်းအထိ ပါဝင်ခဲ့ပြီး မန်ယူ၊ ချယ်လ်ဆီးနှင့် PSG စသည့် သုံးသင်းမှာ လိုငွေပြမှု ယူရို တစ်ဘီလျံကျော်အထိ ရှိခဲ့သည်။

နာမည်ကျော်အားကစားသုတေသန အဖွဲ့အစည်းဖြစ်သည့် CIES သည် ၂၀၁၄ မှ ယခု ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာအတွင်း အပြောင်းအရွှေ့စျေးကွက်တွင် လှုပ်ရှားမှုအများဆုံး ကလပ်အသင်း ၁၀၀ ကို ဆန်းစစ်လေ့လာပြီးနောက် ယခုစာရင်းကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ဆယ်နှစ်တာအတွင်း ယူရို  ၁၃၉၆ သန်း လိုငွေပြခဲ့ပြီး COVID ကာလအလွန် ယူရို ၆၁၂ သန်းနှင့် ယခုနှစ်တွင် ယူရို ၁၅၁ သန်း အရှုံးပြခဲ့သည်။

myan789

ချယ်လ်ဆီးအသင်းသည် COVID-19 ကပ်ဘေးအလွန်တွင် ယူရို ၉၉၃ သန်းနှင့် ယခုနှစ်တွင် ယူရို ၅၅၈ သန်းဖြင့် လိုငွေပြမှု အများဆုံး အသင်းလည်း ဖြစ်ခဲ့သည်။ ယခုနှစ်အပြောင်းအရွှေ့စျေးကွက်နှစ်ခုအတွင်း ကလပ်များ၏ အသုံးစရိတ်သည် ယခင်စံချိန်တင်ထားသည့် ၂၀၁၉ ခုနှစ်ထက် ယူရို ၁၂ ဒသမ ၄ ဘီလျံဝန်းကျင် ပိုမိုခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၅ ရာ ခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အသုံးစရိတ် ဆက်လက်စံချိန်တင်မှုနှင့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ အံ့အားသင့်ဖွယ် ကစားသမားခေါ်ယူမှုများကြောင့် အသုံးစရိတ်ပေါင်းမှာ မြင့်တက်နေခဲ့ခြင်းဖြစ်သည်ဟု CIES က သုံးသပ်ခဲ့သည်။ အပြောင်းအရွှေ့စျေးကွက်တွင် အမြတ် အများဆုံးထွက်သည့်အသင်းမှာ ဘင်ဖီကာအသင်းဖြစ်ပြီး ယူရို ၇၆၄ သန်း အပေါင်းပြခဲ့သည်။ 

ဘင်ဖီကာအသင်းပြီးနောက် အမြတ် အများဆုံးရသည့်အသင်းများအဖြစ် အေဂျက်စ်(ယူရို ၄၃၄ သန်း)၊ ဆာလ်ဇ်ဘာ့ဂ်(ယူရို ၄၂၂ သန်း)တို့က အစဉ်လိုက်ရပ်တည်ခဲ့ကြ သည်။ ယခုနှစ်အတွင်း အပြောင်းအရွှေ့မှ အမြတ်ထွက်မှုအများဆုံးမှာ ဗီလာရီးယဲလ်အ သင်းဖြစ်ပြီး ယူရို ၁၁၇ သန်း ရရှိခဲ့ကြောင်း သိရသည်။

ဆယ်စုနှစ်အတွင်း အပြောင်းအရွှေ့မှ လိုငွေပြမှုအများဆုံး ၁၀ သင်း

ကလပ်        ယူရို(သန်း)

မန်ယူ        ၁၃၉၆ သန်း

ချယ်လ်ဆီး    ၁၀၃၃ သန်း

PSG        ၁၀၁၀ သန်း

အာဆင်နယ်    ၈၇၂ သန်း

မန်စီးတီး        ၈၅၆ သန်း

နယူးကာဆယ်    ၆၇၁ သန်း

ဘာစီလိုနာ    ၆၆၃ သန်း

စပါး        ၆၀၉ သန်း

အေစီမီလန်    ၅၄၅ သန်း

ဝက်စ်ဟမ်း    ၅၂၆ သန်း

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular