ဖီအိုရင်တီးနားအသင်းမှ မန်ယူအသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာသည့် မော်ရိုကို ကွင်းလယ်လူ အမ်ရာဘတ်က မန်ယူအသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့၍ ကျေနပ်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဖီအိုရင်တီးနားအသင်း၏ကွင်းလယ်လူ အမ်ရာဘတ်အား တစ်ရာသီအငှားစာချုပ်အတွက် ပေါင် (၁၀)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် အပြီးသတ်စာချုပ်ခေါ်ယူလိုပါက ယူရို သန်း (၂၀) အပြင် အပိုထပ်ဆောင်းငွေအဖြစ် ယူရို (၅)သန်းကိုပါ ပေးချေသွားရန် သဘောတူညီမှုဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
အမ်ရာဘတ်သည် မန်ယူအသင်းသို့ အပြောင်းအရွှေ့နောက်ဆုံးရက်မှ ရောက်ရှိလာခြင်းဖြစ်ပြီး ကျောနံပါတ် (၄) ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။
အမ်ရာဘတ်က “အရမ်းဂုဏ်ယူမိပါတယ်။ မန်ယူအသင်းပရိ သတ်တွေကို ပျော်ရွှင်မှုပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ပေါလ်စခိုး၊ ရွိုင်ကင်းနဲ့ ဘက်ခမ်တို့က ကျွန်တော် ကြိုက်နှှစ်သက်တဲ့ ကွင်းလယ်ကစားသမားတွေပါပဲ”ဟု ပြောကြားခဲ့သည်။