ပြီးခဲ့တဲ့ 11 ကျော် အချိန်တုန်းက သြစတြေးလျ အခြေစိုက်် စတမ်း ဂရက်ဇ် အသင်းမှ အတ္တလန္တာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဟော့ဂျ်လန်း ဟာ ဥရောပမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အတွက် အချိန်တို အတွင်း နာမည်ရလာတာပဲ ဖြစ်ပါတယ် ။
အဲ့ဒီနောက် တိုက်စစ်မှူးတစ်ဦး လိုအပ်နေခဲ့ပြီး သုံးစွဲငွေ နည်းပါးနေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ် ။ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကိုယ်တိုင်က ကစားသမား ဖြစ်သူနဲ့ Video Call ပြောခဲ့ပါသေးတယ် ။
အခြားတဖက်မှာတော့ ယူနိုက်တက် အားကစား ဒါရိုက််တာ ဖြစ်သူ ဂျွန် မားတော့ဗ် ကလည်း အီတလီ ကို ရောက်နေပြီး ကစားသမားကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေခဲ့ပါပြီ ။ ဒါပေမဲ့ အခုထိတော့ သဘောတူညီမှု မရရှိနိုင်ခဲ့သေးပါဘူး ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ယူနိုက်တက်ဖက်ကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက အတ္တလန္တာ အသင်းအတွက် 34 ပွဲကစားပြီး 10 ဂိုးသွင်း၊ 4 ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ ကစားသမားကို အရခေါ်ယူဖို့ ကြိုးစားနေဆဲပါပဲ ။ ဒီလို အနေအထား တစ်ရပ််မှာ ဟော့ဂျ်လန်း က ရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဖက် အမည််ကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
အတ္တလန္တာ တို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ရိုးမား အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရာမှာ နှစ်ကျော့လုံး 1-0 ၊ 3-1 နဲ့ အနိုင်ယူနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ဟော့ဂျ်လန်း ကတော့ တစ်ဂိုးသာ ဖန်တီးပေးနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ဖို့အတွက် အခက်တွေ့ခဲ့ရပါတယ် ။

အခုတော့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူးက ယူနိုက်တက် ခံစစ်မှူးဟောင်း ဖြစ်တဲ့ ရိုးမား အသင်းမှ နောက်ခံလူ ခရစ် စမောလင်း ဟာ သူ့အတွက်တော့ ရင်ဆိုင်ရ အခက််ခဲဆုံး ပြိုင်ဖက် ကစားသမားပဲလို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။
” ရိုးမား က ခရစ် စမောလင်း ဟာ ကျွန်တော့်ကို တကယ့် ပြသနာကြီးတွေ ပေးနိုင်ခဲ့ပါတယ် ။ သူဟာ ဥာဏ်ကောင်းသူ ၊ အရွေ့မြန်သူ ၊ လျင်မြန်သူ ၊ ကာယပိုင်း ကြံ့ခိုင်လွန်းသူ တစ်ဦးပါပဲ ”
” ကျွန်တော် ကာယပိုင်း အားပြုပြီး သူ့ဆီက ဘောလုံးလုနိုင်ဖို့ ကြိုးစားခဲ့ဖူးပါတယ် ။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ အဲ့တာမျိုးကို ကျော်ဖြတ်နိုင်ဖို့ အတွက် မှန်ကန်တဲ့ နည်းလမ်းကို ကျွန်တော် ရှာဖွေရပါဦးမယ် ” လို့ ဟော့ဂျ်လန်း က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။