spot_img

စပိန်လာလီဂါပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

အိုဆာဆူနာ – ဆယ်လ်တာဗီဂို (စနေည ၉း၃၀ နာရီ)
ဒီနှစ်သင်းမှာ အိုဆာဆူနာရဲ့ လက်ရှိကစားအားနဲ့ ကစား ပုံက ဆယ်လ်တာဗီဂိုထက် သာတာအမှန်ပဲ။ အိမ်ကွင်းဆိုရင် လည်း အိုဆာဆူနာ ခြေပိုတွေ့တတ်လေ့ရှိတယ်။ လက်ရှိအခြေ အနေအရ အိုဆာဆူနာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

ဗယ်လာဒိုလစ် – ဘာစီလိုနာ (စနေည ၁၂း၀၀ နာရီ)
ဘာစီလိုနာကတော့ လက်ကျန်ပွဲတွေကို လွတ်လွတ်လပ် လပ်ပဲ ကစားသွားဖို့ ပြင်ဆင်လိုက်ပုံပါပဲ။ ချန်ပီယံဆုအတွက် မစဉ်းစားတော့ဘဲ တစ်ပွဲချင်း ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်ဖို့ပဲ ကြိုးစားလာတာကို ဗီလာရီးယဲလ်ကိုအနိုင်ယူခဲ့တဲ့ အဝေးကွင်း ပွဲမှာ တွေ့ခဲ့ရတယ်။ ဖိအားကိုမစဉ်းစားဘဲ ကစားလာတဲ့အခါ ကစားပုံကပါ သိသိသာသာပြောင်းလဲလာတယ်။ အခု ဗယ်လာ ဒိုလစ်နဲ့ အဝေးကွင်းပွဲကိုလည်း အဲဒီလိုပုံစံမျိုးနဲ့ပဲ ကစားလာ ဖို့များနေတယ်။ ဗယ်လာဒိုလစ်ကလည်း ဘောလုံးပွဲတွေ ပြန် ကစားချိန်မှာ ပြောင်းလဲတိုးတက်လာတဲ့အသင်းတွေထဲက တစ်သင်းအပါအဝင်လို့ ပြောလို့ရတယ်။ ဒဏ်ရာပြဿနာတွေရှိ နေတဲ့ကြားက ရလဒ်ကောင်းတွေရအောင် ကစားပြနေပြီး ပြိုင်ပွဲပြန်စချိန် (၈)ပွဲမှာ အက်သလက်တီကို နဲ့ ဗလင်စီယာကိုပဲ ရှုံးထားခဲ့တယ်။ ဗယ်လာဒိုလစ်တို့ ဂိုးရနှုန်းနည်းပေမယ့် ပေးဂိုး နည်းအောင်လည်း အတတ်နိုင်ဆုံးထိန်းကစားနေလို့ ဒီပွဲလည်း ဘာစီလိုနာတို့ ဂိုးတွေလွယ်လွယ်ရဖို့ ခက်မယ်ထင်တယ်။ ဘာစီလိုနာ ဂိုးအနည်းနဲ့ပဲ နိုင်မယ်။

myan789

အက်သလက်တီကို – ဘက်တစ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)
နည်းပြအပြောင်းအလဲလုပ်ခဲ့ပေမယ့် ဘက်တစ်ရဲ့ ခြေ စွမ်း မပြောင်းလဲသွားသေးဘူး။ ရုန်းကန်နေရတုန်းပဲ။ အထူးသ ဖြင့် အဝေးကွင်းပွဲတွေမှာ ဘက်တစ် ကစားပုံရော ကစားအား ပါ အားရစရာမရှိလှဘူး။ အက်သလက်တီကိုကို အစဉ်အလာ အရရော လက်ရှိခြေစွမ်းပိုင်းအရပါ ဘက်တစ် ယှဉ်နိုင်စွမ်းနည်း နေသေးတာလည်းအမှန်ပဲ။ အက်သလက်တီကိုကတော့ ချန် ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ အရင်သေချာအောင်ကစားရင်း လာမယ့်ချန်ပီယံလိဂ်အတွက်လည်း စမ်းသပ်ပြင်ဆင်မှုလုပ် နေတာကို တွေ့ရတယ်။ အိမ်ကွင်းဆိုရင်လည်း အက်သလက် တီကိုရဲ့ ခြေစွမ်းက ပြောစရာသိပ်မရှိလှဘူး။ အခုနောက်ပိုင်း တိုက်စစ်ပိုင်းအတွက် ပိုပြင်ဆင်လာသလို၊ အိမ်ကွင်းဂိုးသွင်း နှုန်းလည်း တက်လာနေတာတွေ့ရလို့ တည်ငြိမ်မှုရဖို့ ရုန်း ကန်နေရတဲ့ ဘက်တစ်ကိုလည်း အက်သလက်တီကို အနိုင်ရ ဖို့မခက်လှပါဘူး။ တည်ငြိမ်မှုရနေတဲ့ခြေစွမ်းကို အိမ်ကွင်းမှာ အပျက်အယွင်းခံမှာမဟုတ်တဲ့ အက်သလက်တီကိုပဲ နိုင်ပွဲယူ သွားလိမ့်မယ်။ ဂိုးလည်းများမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular