spot_img

မိမိသည် Mascot မဟုတ်ဘဲ မီလန်ကို ကူညီနေခြင်းဖြစ်သည်ဟု အီဘရာဟီမိုဗစ် ဆိုခဲ့ပြီး စာချုပ်ထပ်ချုပ်ရန် သဘောတူညီမှုရရှိ

ဆွီဒင်နာမည်ကျော်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်းနှင့် နောက်ထပ်စာချုပ်တစ်ရပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဟု မီဒီယာများက ကျယ်ပြန့်စွာ ဖော်ပြနေကြပြီး ၎င်းက မိမိသည် အေစီမီလန်အသင်းအတွက် Mascot (လာဘ်ကောင်)မဟုတ်ဘဲ အသင်းကို ကူညီရန် ရှိနေခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့် ဇန်နဝါရီက (၆)လစာချုပ်ဖြင့် အေစီမီလန်အသင်း၌ လာကစားခဲ့ပြီး စီးရီးအေ(၁၈)ပွဲ ပါဝင်ကစားကာ (၁၀) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

myan789

အေစီမီလန်အသင်းသည် အီဘရာဟီမိုဗစ်အား တစ်နှစ်စာချုပ် ထပ်ချုပ်ရန် အပြင်းအထန်ကြိုးစားခဲ့ပြီး ယခုအခါ အောင်မြင်မှုရရှိခဲ့ပြီဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်း၌ ၂၀၂၀-၂၁ ရာသီတစ်ရာသီ ဆက်ရှိမည်ဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို(၆.၉၅)သန်း ရရှိမည်ဖြစ်သည်ဟု Sky Sports Italia က ဖော်ပြခဲ့သည်။

အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်စနေနေ့က မီလန်လေဆိပ်သို့ ရောက်ရှိလာခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

လေဆိပ်တွင် မီဒီယာသမားများက မေးမြန်းရာတွင် အီဘရာဟီမိုဗစ်က ”နောက်ဆုံးမှာ အရာအားလုံးက နေရာတကျ ဖြစ်နေပါပြီ။ အိမ်လို့ ခံစားချက်ရတဲ့မြို့ကို ကျွန်တော် ပြန်ရောက်လာခဲ့ပြန်ပါပြီ”ဟု ပြောကြားခဲ့သည်။

အေစီမီလန်ဝက်ဘ်ဆိုက်၌ ပြုလုပ်သော အင်တာဗျူးတွင်မူ အီဘရာဟီမိုဗစ်က ”ကျွန်တော် အမြဲပြောခဲ့သလိုပဲပေါ့။ ကျွန်တော် ဒီကိုရောက်လာခဲ့ တာ(လွန်ခဲ့သည့် ၆ လကို ဆိုလိုခြင်းဖြစ်) Mascot အနေနဲ့ မဟုတ်ပါဘူး။ ကျွန်တော် ဒီကို ရလဒ်တွေ ရယူပေးဖို့၊ အသင်းကို ကူညီပေးဖို့၊ မီလန်ကို သူ ရှိသင့်တဲ့ အဆင့်အတန်းကို ပြန်ပို့ပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့(၆)လမှာ ဂရိတ်အစွမ်းအစကို ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာဆုဖလားမှတော့ မရခဲ့ဘူး။ ဒီနှစ်မှာတော့ ကျွန်တော့်ဆီမှာ ရာသီစကတည်းက အလုပ်စလုပ်ဖို့ အခွင့်အရေးကို ရရှိနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အလုပ်ကြိုးစားခဲ့သလို တစ်ဖန်ပြန်ပြီး ကြိုးစားကြတာပေါ့။ ကျွန်တော်တို့ကိုယ်တိုင်ကို စတေးပြီး ရည်မှန်းချက်တွေဆီ အ ရောက်သွားကြတာပေါ့”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular