spot_img

အန်ကွန်ကူမှာ ချယ်လ်ဆီးအသင်း လိုအပ်နေသည့်ကစားသမားဖြစ်ပြီး အသင်းသစ်တွင် ခြေစွမ်းပြနိုင်မည်ဟု ချယ်လ်ဆီးကစားသမားဟောင်း မာလူဒါ သုံးသပ်

ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာမည့် ပြင်သစ်တိုက်စစ်မှူး အန်ကွန်ကူသည် ချယ်လ်ဆီးအသင်း လိုအပ်နေသည့်ကစားသမားဖြစ်ပြီး အသင်းသစ်တွင် ခြေစွမ်းပြနိုင်မည်ဖြစ်ကြောင်း ချယ်လ်ဆီးကစားသမားဟောင်း မာလူဒါက သုံးသပ် ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် လိုက်ပ်ဇစ်တိုက်စစ်မှူး အန်ကွန်ကူအား ပြီးခဲ့သည့်၂၀၂၂ ဒီဇင်ဘာလကတည်းက ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး အန်ကွန်ကူအနေဖြင့် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာတော့မည်ဖြစ် သည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ရုန်းကန်ခဲ့ရပြီး လာမည့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးခဲ့သည်။ အထူးသဖြင့် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်းမှာ ဂိုးရရန်ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ၃၅ ပွဲတွင် ၃၆ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

myan789

အန်ကွန်ကူသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲတွင် ၁၉ ဂိုး သွင်းယူခဲ့သည်။ ထို့ပြင် ၎င်းသည် ပြီး ခဲ့သည့် ၂၀၂၁-၂၂ ရာသီကလည်း လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲတွင် ၃၅ ဂိုးအထိ သွင်းယူနိုုင်ခဲ့သည်။ ထို့ကြောင့် မာလူဒါက အန်ကွန်ကူမှာ ချယ်လ်ဆီးအသင်း လိုအပ်နေသည့် ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မာလူဒါက “အန်ကွန်ကူအနေနဲ့ PSG အသင်း အကယ်ဒမီကနေ ဂျာမနီကို ပြောင်းရွှေ့ကစားခဲ့တာ မှန်ကန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ အခုအချိန်မှာ ချယ်လ်ဆီးအသင်း လိုအပ်နေတာ သူ့လို ကစားသမားမျိုးဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။ အန်ကွန်ကူက အောင်မြင်မှုတွေကို အမြဲဆာလောင်နေပြီး သူ့ကိုယ်သူ သက်သေပြဖို့ ကြိုးစားနေတဲ့ ကစားသမား ဖြစ်တယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းကြီးတွေနဲ့ အပြိုင်ကြိုးပမ်းပြီး သူ့ကိုခေါ်ယူနိုင်တာ အရမ်းကိုကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မာလူဒါက အန်ကွန်ကူသည် ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်မည့် ကစားသမားဖြစ်ကြောင်းလည်း ချီးကျူးပြောကြားခဲ့သည်။ “အန်ကွန်ကူဟာ ပရီးမီးယားလိဂ်ကို ထိပ်တန်းစွမ်းရည်တွေ ယူဆောင်လာပေးမယ့် ကစားသမားဖြစ်ပါတယ်။ လက်ရှိ ပရီး မီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေထဲက စိန့်မက်ဆီမင်ရဲ့ ကစားဟန်က အန်ကွန်ကူနဲ့ တူတယ်လို့ ပြောနိုင်ပါတယ်။ သူတို့က တောင်ပံကနေ ဧရိယာထဲဝင်ပြီး ဂိုးသွင်းဖို့ ဒါမှမဟုတ် ဖန်တီးပေးဖို့ ကြိုးစားလေ့ရှိတယ်”ဟု ပြောကြားခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular