ရီးယဲလ်အသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသော ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်သည် ၂၀၂၄ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ဟာဇက်(၃၂ နှစ်)သည် ရီးယဲလ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး မူလက လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့ ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးသည်။
ယခုအခါ ရီးယဲလ်တွင် စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ဆက်ကစားပြီး အနားယူသွားရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ဟာဇက်သည် နည်းပြဖြစ်သူ အန်ဆယ်လော့တီနှင့်လည်း အဆင်မပြေဖြစ်လျက်ရှိပြီး ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ၉ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သည်။