spot_img

ဘရိုက်တန်ကို နောက်ဆုံးအချိန်ကျမှ အရှုံးပေးရသဖြင့် စိတ်ပျက်မိကြောင်းတန်းဟက်ပြောဆို

ကြာသပတေးနေ့ညက ကစားသည့်ပွဲတွင် တန်းဟက်၏မန်ယူအသင်းသည် ဘရိုက်တန်ကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့သည်။ မန်ယူသည် ရာသီအစတွင် ဘရိုက်တန်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့်ရှုံးနိမ့်ထားပြီး ယခုတစ်ခါအဝေးကွင်းတွင် ၁-၀ ဖြင့်ရှုံးနိမ့်လိုက်ခြင်းကြောင့်  တစ်ရာသီလုံးတွင် ဘရိုက်တန်ကို ပရီးမီးယားလိဂ် အိမ်ကွင်းအဝေးကွင်း နှစ်ပွဲလုံးရှုံးနိမ့်ခြင်းအဖြစ် မှတ်တမ်းဝင်သွားသည်။

ထိုပွဲကို အနိုင်ရပြီးနောက် ဘရိုက်တန်သည် ၃၂ ပွဲကစား ၅၅ မှတ်ဖြင့်အဆင့် ၆ နေရာသို့ တက်ရောက်လာနိုင်ခဲ့သည်။ မန်ယူသည် ၃၃ ပွဲကစား ၆၃ မှတ်ဖြင့် အဆင့် ၄ နေရာတွင်  ဆက်လက်ရပ်တည်နေပြီး အဆင့် ၅ မှ လီဗာပူးသည် မန်ယူထက် တစ်ပွဲပိုကစားထားပြီး ၅၉ မှတ်ရရှိထားသည်။

myan789

တန်းဟက်က ပွဲ၏နောက်ဆုံးအချိန်ကျမှ ပင်နယ်တီပေးခဲ့ရခြင်းကို ညီးညူပြောဆိုလိုက်သည်။ ဘရိုက်တန်အသင်းကွင်းလယ်လူ မက်အယ်လစ္စတာသည် ပွဲချိန် ၉၈ မိနစ် နာကျင်အချိန်ပိုတွင် လုခ်ရှောကြောင့်ပေးရသော ပင်နယ်တီကို ကန်သွင်းပြီး မန်ယူကို ဘရိုက်တန်က အနိုင်ရသွားခြင်း ဖြစ်သည်။

တန်းဟက်က “အရှုံးပွဲတိုင်းက စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် ပွဲရဲ့နောက်ဆုံးအခိုက်အတန့် နာကျင်အချိန်ပိုမှာ အရှုံးပေးရတာကတော့ စိတ်ပျက်စရာ အကောင်းဆုံးလို့ဆိုလို့ရပါတယ်။ မန်ယူက အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့ဘူး။ ဒါ့အပြင်ပြိုင်ဘက်ကိုလည်း အခွင့်အရေးတွေပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပြိုင်ဘက်ကို အနိုင်ရစေတဲ့အခွင့်အရေးကို ပေးလိုက်တယ်။ ဂိုးမသွင်းနိုင်လို့ အနိုင်မရနိုင်ဘူးဆိုရင်တောင်မှ သူတို့ကို အနိုင်ရစေမယ့် အခွင့်အရေးမျိုးတော့ မပေးနဲ့ပေါ့ဗျာ”ဟု တန်းဟက်က ပြောဆိုလိုက်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular