spot_img

ဟော်လန်းသည် ယူရို(၁)ဘီလီယံတန် ကစားသမားဖြစ်လာမည်ဟု ၎င်း၏အေးဂျင်ဖြစ်သူ ပီမန်တာ ပြောကြား

မန်စီးတီးတိုုက်စစ်မှူး ဟော်လန်း၏ အေးဂျင့်ဖြစ်သူက ၎င်း၏ ကစားသမားသည် ယူရို (၁)ဘီလီယံ တန်ကြေးရှိသည့် ပထမဆုံးကစားသမား ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဟော်လန်းသည် ရောက်ရှိရာအသင်းတိုင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး မန်စီးတီးအသင်းတွင်လည်း ဂိုးသွင်းစံချိန်မှတ်တမ်းများစွာ ရယူလျက်ရှိသည်။ ဟော်လန်းသည် ဒေါ့မွန်မှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေးယူရိုသန်း (၆၀)ဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ လက်ရှိခြေစွမ်းအရ ယူရိုသန်း(၁၀၀၀) တန်သည့်ကစားသမား ဖြစ်လာမည်ဟု အေးဂျင့်ဖြစ်သူ ပီမန်တာက သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

myan789

“သူ့အတွက် ပြောင်းရွှေ့ကြေးဘယ်လောက်သုံးရမလဲဆိုရင်တော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သူက (၁)ဘီလီယံ တန်ကြေးရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့တော့ ပြောချင်ပါတယ်”ဟု ပီမန်တာက ဆိုခဲ့သည်။ ထို့ပြင် ဟော်လန်းသည် အသက်(၂၂)နှစ်သာရှိသေးသော်လည်း အသင်းကို ဦးဆောင်မောင်းနှင်နိုင်သူတစ်ယောက်ဖြစ်နေကြောင်း၊ စံချိန်အားလုံးကို ချိုးဖျက်နိုင်မည့်သူဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

ဟော်လန်းအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မန်စီးတီးမှ ထွက်ခွာနိုင်သည့် သဘောတူညီချက်ရယူထားသလားဟူသည့် မေးခွန်းကိုမူ ပီမန်တာက “ပါးနပ်လိမ္မာတဲ့ အမျိုးသမီးတွေဟာ ဘယ်လို နှုတ်ဆိတ်နေရမလဲဆိုတာ သိကြပါတယ်”ဟု တုံ့ပြန်ခဲ့သည်။ ပီမန်တာသည် ပထမဆုံးအမျိုးသမီး စူပါအေးဂျင့်ဖြစ်ပြီး ရိုင်ယိုလာ၏ စီးပွားရေးလက်တွဲဖော်လည်းဖြစ်သည်။    

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular