spot_img

ပရီးမီးယားလိဂ်၏ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို ဟော်လန်းလိုက်မီခဲ့ပြီး ယခုရာသီပြိုင်ပွဲစုံသွင်းဂိုး(၅၀)ပြည့်မြောက်

မန်စီးတီးအသင်းတိုက်စစ်မှူး ဟော်လန်းသည် ဖူလ်ဟမ်အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် အန်ဒီကိုးလ်နှင့် အလန်ရှီးယားတို့၏ ပရီးမီးယားလိဂ်၌ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းအား အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရပြီး ဟော်လန်းက ပွဲအစ(၃)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။

myan789

နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်း (၂၂ နှစ်)သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲ (၃၀) ကစား၊ (၃၄) ဂိုးသွင်းယူထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးစံချိန်တင်ထားသည့် အန်ဒီကိုးလ် (နယူးကာဆယ်၊ ၁၉၉၃-၁၉၉၄ ရာသီ)၊ အလန်ရှီးယား (ဘလက်ဘန်း၊ ၁၉၉၄- ၁၉၉၅ ရာသီ) တို့၏ သွင်းဂိုးအရေအတွက်နှင့် တူညီသွားပြီဖြစ်သည်။

သို့သော် အန်ဒီကိုးလ်နှင့် အလန်ရှီးယားမှာ တစ်ရာသီလျှင် (၄၂) ပွဲကစားရသည့်ကာလတွင် စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး ဟော်လန်းက လက်ကျန်(၆)ပွဲအလိုမှာပင် အမီလိုက်နိုင်ခဲ့သလို ၂၀၁၇-၂၀၁၈ ရာသီက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ၏ တစ်ရာသီ (၃၈) ပွဲကစားရသည့်ကာလ၌ ဂိုးအများဆုံး (၃၂ ဂိုး) စံချိန်ကိုလည်း ချိုးဖျက်ထားနိုင်ပြီ ဖြစ်သည်။

ထို့ပြင် ဟော်လန်း၏ ယခုရာသီ ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်းမှာ (၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်တွင် (၃၄) ဂိုး၊ ချန်ပီယံလိဂ်တွင် (၁၂)ဂိုး (၈ ပွဲ)၊ FA ဖလား တွင် (၃)ဂိုး (၃ ပွဲ) လိဂ်ဖလားတွင် (၁)ဂိုး (၂ ပွဲ) သွင်းယူထား ခြင်းဖြစ်သည်။ ၎င်း၏သွင်းဂိုးအရေအတွက်မှာ ယခုရာသီ ပရီးမီးယားလိဂ်အသင်းများအတွက် ဂိုးသွင်းယူထားသည့် ကစားသမားမည်သူမဆိုထက် (၂၁)ဂိုးပိုများသလို ပရီးမီးယားလိဂ်ကလပ် (၇)သင်း၏ ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်ထက်လည်း ပိုများနေသည်။

ဟော်လန်းသည် ပြိုင်ပွဲစုံသွင်းဂိုး (၅၀)ပြည့်ခဲ့သည့်အတွက် ၁၉၂၇-၂၈ ရာသီက အဲဗာတန်အသင်းအတွက် (၆၃)ဂိုး သွင်းယူပေးခဲ့သည့် ဒစ်ဇီဒင်းန်၏နောက် အင်္ဂလန်ဘောလုံးလောက၏ အမြင့်ဆုံးအတန်းတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။ ထို့ပြင် ၁၉၃၁ ခုနှစ်က ပွန်ဂိုဟူသည့် အမည်ပြောင်ဖြင့် ကျော်ကြားခဲ့သော အက်စတွန်ဗီလာတိုက်စစ်မှူး တွမ်ဝါရင်းနောက်ပိုင်း တစ်ရာသီအတွင်း ဂိုး(၅၀)ပြည့်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ဟော်လန်းသည် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုနှင့် ဥရောပရွှေဖိနပ်ဆု ဆွတ်ခူးရယူနိုင်ရန် အခြေအနေကောင်းနေသလို ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ပေးထားသည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ဂိုးဖန်တီးမှု အများဆုံးစာရင်းတွင်လည်း မန်စီးတီးအသင်းဖော် ဒီဘရိုင်းနား (၁၆ ကြိမ်)၊ အာဆင်နယ်အသင်းတောင်ပံကစား ဆာကာ (၁၁ ကြိမ်)နှင့် ထရိုဆက်ဒ် (၁၀ ကြိမ်)၊ ပဲလေ့စ်အသင်းကွင်းလယ်လူ အိုလီဆီ (ကိုးကြိမ်)၊ စပါးတောင်ပံကစားသမား ပါရီဆစ်၊ လီဗာပူးလ်အသင်းနောက်ခံလူ ရောဘတ်ဆန်နှင့် အာနိုးလ်(ရှစ်ကြိမ်စီ)တို့ပြီးလျှင် ပူးတွဲအဆင့် (၆) နေရာ၌ ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် ပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက်လည်း ရေပန်းစားနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular