spot_img

လမ်းပတ်လက်ထက်တွင် ချယ်လ်ဆီးအသင်း (၅)ပွဲစလုံး ရှုံးနိမ့်ထားပြီး ပရိသတ်များ၏ စိတ်ပျက်မှုနှင့် လှောင်ပြောင်မှုကို နားလည်ကြောင်း ပြောကြာ

ချယ်လ်ဆီးအသင်းသည် ယာယီနည်းပြ ဖရန့်လမ်းပတ်လက်ထက်တွင် (၅)ပွဲစလုံး ရှုံးနိမ့်ထားပြီး ပရိသတ်များ၏ စိတ်ပျက်မှုနှင့် လှောင်ပြောင်မှုကို အပြည့်အဝနားလည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဗုဒ္ဓဟူးနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လမ်းပတ် ကိုင်တွယ်သည့် ပြိုင်ပွဲစုံ (၅)ပွဲစလုံး ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် လမ်းပတ်လက်ထက်တွင် ဝုလ်ဗ်အသင်းအား အဝေးကွင်း၌ (၁-၀)ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းအား အဝေးကွင်း၌ (၂-၀)ဂိုး၊ ဘရိုက်တန်အသင်းအား အိမ်ကွင်း၌ (၁-၂)ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းအား အိမ်ကွင်း၌ (၀-၂)ဂိုး၊ ဘရန့်ဖို့ဒ်အသင်းအား အိမ်ကွင်း၌ (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

myan789

ထို့ပြင် ယင်း (၅)ပွဲ တွင် (၉)ဂိုးခွင့်ပြုခဲ့ရပြီး သွင်းဂိုးတစ်ဂိုးသာရရှိခဲ့သောကြောင့် ပရိသတ်များက ပွဲအပြီးတွင် ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြသည်။


ပရိသတ်များ၏ လှောင်ပြောင်မှုခံရခြင်းအပေါ် လမ်းပတ်က “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ဒါကို ကျွန်တော် အပြည့်အဝနားလည်ပါတယ်။ ဒီပရိသတ်တွေအကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူတို့က အသင်းရဲ့နောက်မှာ အမြဲတမ်းရှိသူတွေပါ။ သူတို့စိတ်ပျက်နေကြတယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အောင်မြင်မှုနဲ့ အသားကျနေသူတွေဖြစ်လို့ တစ်ချိန်လုံး အောင်မြင်မှုပဲ လိုချင်ကြတာပါ။ အဲဒါကို ကျွန်တော် အပြည့်အဝနားလည်ပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ အဲဒါကို လက်ခံရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရလဒ်ကောင်းတွေ ရစေချင်လို့ပါ။ အခုအချိန်မှာ ကစားသမားတွေက သူတို့ဘာလုပ်နိုင်လဲဆိုတာ ပြသဖို့ ကြိုးစားနေတယ်ဆိုတာ ပရိသတ်တွေကို ကျွန်တော် ပြောနိုင်ပါတယ်။ ဘရန့်ဖို့ဒ်က ဂိုးပေါက်တည့် တဲ့ကန်သွင်းမှု တစ်ကြိမ်ပဲရှိပေမဲ့ နှစ်ဂိုးရသွားတာပါ။ ဒီပွဲနဲ့ ပတ်သက်လို့ ပြောစရာကတော့ အဲဒါအကုန်ပါပဲ”ဟု ပြော ကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုပွဲရှုံးနိမ့်မှုကြောင့် (၃၂) ပွဲကစား၊ (၁၀)ပွဲနိုင်၊ (၉)ပွဲသရေ၊ (၁၃)ပွဲရှုံး၊ ရမှတ် (၃၉) မှတ်ဖြင့် အဆင့် (၁၁)နေရာအထိ ရောက်ရှိနေသည်။ 

ချယ်လ်ဆီးအသင်းအနေဖြင့် အဆင့် (၁၀)နေရာမှ ဖူလ်ဟမ်အသင်းနှင့်ပင် (၆)မှတ်ကွာဟနေသောကြောင့် လာမည့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်လွဲချော်ရန် သေချာလုနီးပါးရှိနေပြီး တန်းဆင်းဇုန်အဆင့် (၁၈)နေရာနှင့်လည်း (၁၀) မှတ်သာ ကွာဟတော့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular