အာဆင်နယ်အသင်းနည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်အတွက် လက်ကျန်(၅) ပွဲစလုံး အနိုင်ကစားရန် လိုအပ်ကြောင်း မန်စီးတီးအသင်းနှင့်ပွဲအပြီး တွင် ဝန်ခံပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် (၃၃) ပွဲကစားချိန်တွင် ရမှတ် (၇၅) မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသော်လည်း အဆင့် (၂) နေရာမှ (၂) ပွဲလျော့ကစားထားသည့် မန်စီးတီး (၇၃ မှတ်)ကို (၂) မှတ်သာ ဖြတ်ထားနိုင်သည်။
ထို့ကြောင့် မန်စီးတီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူရန် သေချာသလောက်ဖြစ်သွားပြီဟု သုံးသပ်မှုများ ရှိနေသည်။
အာဆင်နယ်အသင်း၏ လက်ရှိအနေအထားအရ လက်ကျန်(၅)ပွဲ စလုံး အနိုင်ရရန် လိုအပ်သလားဟု မေးမြန်းမှုအပေါ် အာတီတာက “ကျွန်တော်တော့ အဲဒီလိုပဲ ထင်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်လို့ သုံးသပ်ချက်က တော့ ရှင်းပါတယ်။ ပိုကောင်းတဲ့ အ သင်းက အနိုင်ရသွားတာပါ။ စီးတီးရဲ့ခြေစွမ်းက သူတို့ရဲ့ အကောင်းဆုံးပုံစံမျိုးပါပဲ။ ခြားနားချက်က တော်တော် ကြီးပါတယ်။ ထူးခြားတဲ့အသင်းနဲ့ယှဉ် ပြိုင်ရတဲ့အခါ အခြေခံအချက်တွေ လုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီအချက်တွေမလုပ်နိုင်ခဲ့လို့ ကျွန်တော်တို့ အ ပြစ်ပေးခံရတာပါ။ ရာသီစတင်ချိန်မှာ အချက်အလက်တွေအရ ကျွန်တော်တို့ အဆင့် (၆၊ ၇)နေရာနဲ့ အဆုံးသတ်လိမ့်မယ်လို့ ပြောခဲ့ကြတယ်။ အခု(၅)ပွဲကစားဖို့ ကျန်ပါသေးတယ်။ ဒီနိုင်ငံမှာ ကျွန်တော် အများကြီးမြင်တွေ့ဖူးပါတယ်။ ဘယ်လိုတွေ ပြောင်းလဲသွားတယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ကလည်း ထူးခြားတဲ့အသင်းပါပဲ”ဟု ပြောကြားခဲ့သည်။