spot_img

ယခုနှစ် ရာသီအကုန် ချဲလ်ဆီးတို့ တန်းဆင်းသွားနိုင်ခြေ ရှိလား ?

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ တပွဲမှာ အဆင့် ၁၁ နေရာက ချဲလ်ဆီး အသင်းဟာ ၄င်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေခဲ့တဲ့ အနောက်လန်ဒန်မြို့ခံပြိုင်ဖက် ဘရန်းဖို့ဒ် အသင်းကို ၀ – ၂ ရလဒ်နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပါတယ် ။

ဒါဟာ ယာယီ caretaker မန်နေဂျာ ဖရန့် လမ်းပတ် လက်အောက်မှာ ပြိုင်ပွဲစုံ ၅ပွဲဆက် ရှုံးနိမ့်ထားခြင်း ဖြစ်ပါတယ် ။ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှု အရ ချဲလ်ဆီးဟာ တန်းဆင်းဇုန် အဆင့် ၁၈ နေရာက လက်စတာ အသင်းနဲ့ ရမှတ် ၁၀မှတ်သာ ကွာဟနေပါတယ် ။

myan789

လက်ကျန် ပရီးမီးယားလိဂ် ၆ပွဲ ကစားဖို့ ကျန်နေသေးရာ ၊ ရမှတ် ၃၉မှတ်သာ ရထားသေးတဲ့ ခြင်္သေ့ပြာတို့ တန်းမဆင်းရဖို့ဆို အနိမ့်ဆုံး တပွဲလောက်တော့ အနိုင်ကန်ဖို့ လိုမယ်လို့ အပေါ်ယံ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ် ။

သင်္ချာနည်းအရ ချဲလ်ဆီးဟာ အခုလို အနေအထားမျိုး နောက် ၆ပွဲလုံး ရှုံးနေဦးမယ်ဆိုရင်တော့ တန်းဆင်းရနိုင်ခြေ ရှိဆဲ ဖြစ်ပါတယ် ။ ချဲလ်ဆီးဟာ လက်ကျန် ၆ပွဲမှာ အမှတ်ပေးဇယား ထိပ်ပိုင်းက ၄သင်း ၊ တန်းမဆင်းရဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ၂သင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

ဒီ ၆ပွဲလုံးမှာ တမှတ်တလေတောင် မရခဲ့ဘူးဆိုရင်တော့ ချဲလ်ဆီး ပရိသတ်တွေ အဖို့ အနည်းနဲ့ အများ ရင်တမမ စိုးရိမ်ကောင်း စိုးရိမ်ရပါလိမ့်မယ် ။ လက်ရှိ ခြေစွမ်းအရ ချဲလ်ဆီးဟာ နိုင်ပွဲ တပွဲ မဆိုထားနဲ့ ၊ တဂိုးသွင်းနိုင်ဖို့တောင် အသည်းအသန် ရုန်းကန်နေရတာကြောင့် လာမယ့် မေလ တလလုံးကို လမ်းပတ် ဘယ်လို ဦးဆောင်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အတွက် ကံကောင်းသွားစေနိုင်တဲ့ အချက်က တန်းဆင်းဇုန် အန္တရာယ် ရှိတဲ့ အသင်းတွေ လက်ကျန် ပွဲစဉ် ၆ခုမှာ အချင်းချင်း ထိပ်တိုက် တွေ့နေကြတာပဲ ဖြစ်ပါတယ် ။ ဒီပွဲရလဒ်တွေမှာ ချဲလ်ဆီးကို ကံကြမ္မာက မျက်နှာသာပေးခဲ့ရင် တန်းမဆင်းရဖို့ စိတ်အေးလက်အေး ဖြစ်စေပါလိမ့်မယ် ။

အောက်ဆုံး ၃သင်း ဖြစ်တဲ့ အဲဗာတန် ၊ လက်စတာနဲ့ ဆောက်သမ်တန်တို့ဟာ လက်ကျန် ၅ပွဲ ၊ ၆ပွဲမှာ ဒဏ္ဍာရီဆန်ဆန် အနည်းဆုံး ၁၁မှတ်နဲ့ အထက် စုဆောင်းသွားနိုင်လိုက်ပြီး ၊ ချဲလ်ဆီးတို့ တမှတ်မရခဲ့ရင်တော့ တန်းဆင်းသွားရနိုင်ခြေ ရှိပါတယ် ။

အကျဉ်းချုံး ပြန်လည် သုံးသပ်ရရင်တော့ လက်တွေ့ဆန်ဆန် စဉ်းစားကြည့်တဲ့အခါ ချဲလ်ဆီး အတွက် တန်းဆင်းဖို့ ဖြစ်နိုင်ခြေ အလွန့်အလွန်နည်းပါးပြီး ၊ စိုးရိမ်ရေမှတ် ရောက်နေတာမျိုး မဟုတ်ပေမယ့် ၊ အခြေအနေအားလုံး ကိုယ်နဲ့ သွေဖယ်သွားရင်တော့ ကြေကွဲစရာကောင်းတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular