spot_img

လာလီဂါချန်ပီယံဆုအတွက် ပြင်းပြသည့်စိတ်ထားကို လျှော့မချပစ်ရန် ဘာစီလိုနာကစားသမားများအား နည်းပြ ဇာဗီ သတိပေ

လာလီဂါချန်ပီယံဆုအတွက် ပြင်းပြသည့်စိတ်ထားကို လျှော့မချပစ်ရန် ဘာစီလိုနာကစားသမားများအား နည်းပြ ဇာဗီက အက်သလက်တီကိုအသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် သတိပေးခဲ့သည်။

ဘာစီလိုနာအသင်းသည် ဟီရိုနာ၊ ဂီတာဖေးအသင်းများနှင့် (၂)ပွဲဆက်တိုက် ဂိုးမရှိသရေကျပြီးနောက် ယခု အက်သလက်တီကိုနှင့်ပွဲတွင်မှ နိုင်ပွဲပြန်ရခြင်းဖြစ်သည်။

myan789

အမှတ်ပေးဇယားတွင် ပွဲ(၃၀)ကစားအပြီး ရမှတ် (၇၆)မှတ်ရရှိထားပြီး လက်ကျန်(၈)ပွဲအလိုတွင် ဒုတိယနေရာမှ ရီးယဲလ်မက်ဒရစ်အသင်းကို (၁၁)မှတ် ဖြတ်ထားလျက်ရှိသည်။

”ဒီအသင်းကို ချန်ပီယံအသင်းလို့ ကျွန်တော် မခံစားရပါဘူး။ သူတို့(ကစားသမား)က ဒါကို ယုံကြည်ထားရင်တော့ မဟုတ်သေးတဲ့အကြောင်း ကျွန်တော် သူတို့ကို ပြောပြရလိမ့်မယ်။ ကျွန်တော်တို့ရဲ့အနေအထားက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဘာမှမပြီးဆုံးသေးပါဘူး။ လာမယ့်ပွဲက ဗယ်လက်ကာနိုအသင်းနဲ့ပွဲဲဖြစ်ပြီး ခက်ခဲပါလိမ့်မယ်”ဟု ဘာစီလိုနာနည်းပြ ဇာဗီက ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ယူရိုပါလိဂ်နှင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲများမှ ထွက်ခဲ့ရပြီးနောက် လာလီဂါပြိုင်ပွဲတစ်ခုတည်းကိုသာ အာရုံစိုက်ယှဉ်ပြိုင်ကစားရသည့် အနေအထားဖြစ်သည်။

အက်သလက်တီကိုပွဲနှင့် ပတ်သက်ပြီး ဇာဗီက ”ကျွန်တော်တို့ ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒုတိယဂိုးသွင်းယူနိုင်ခဲ့သင့်တယ်လို့ ယူဆပါတယ်။ သေချာပေါက်အခွင့်အရေးတွေကို ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ဘူး။ အားလုံးခြုံကြည့်ရင် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အခုပွဲမှာ တစ်ဂိုးထက်ပိုတဲ့အနိုင်နဲ့ ကျွန်တော်တို့ ထိုက်တန်တယ်လို့ ထင်မြင်မိပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular