spot_img

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘရိုက်တန်နဲ့ FA Cup ပွဲကို ခန့်မှန်းပေးခဲ့တဲ့ ပေါလ်မာဆွန်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ်မှာတော့ ဘရိုက်တန် အသင်းနဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရတော့မှာပါ ။

ယူနိုက်တက် ဟာ ကြာသပတေးနေ့ ညက ဆီဗီးလား ကို အရေးနိမ့်ပြီး ယူရိုပါလိဂ် ကနေ ထွက်ခွာလာခဲ့ရပါတယ် ။

myan789

ဘရိုက်တန် ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ပုံစံအကောင်းဆုံး ရရှိနေတဲ့ အသင်းတသင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ကစား နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။

ဒီပွဲ အတွက် ဘောလုံး ကျွမ်းကျင်သူတွေ က အမျိုးမျိုး ခန့်မှန်း ထားကြပြီး အခုဖော်ပြပေးမှာကတော့ ပေါလ်မာဆန် ရဲ့ သုံးသပ်ခန့်မှန်းချက်ပဲ ဖြစ်ပါတယ် ။

“ဒီပွဲက တကယ် စိတ်ဝင်စားစရာပါ ။ မန်ချက်စတာ ယူနိုက်တက် ခံစစ်က ဒဏ်ရာကစားသမား အချို့ ရှိနေပြီး မက်ဂွဲယား ၊ လင်ဒီလော့ဖ် တို့နဲ့ပဲ ဆက် ကစားရမှာပါ ။ ဖာဂူဆန် ၊ ဝဲဘတ် တိုက်စစ်ကို ဒီ ၂ ယောက် ထိန်းနိုင် မလားဆိုတာ ကျွန်တော် မသေချာပါဘူး”

“ကွင်းလယ် မှာလည်း ယူနိုက်တက် စိုးမိုးနိုင်ဖို့ ယတိပြတ် မပြောနိုင်ပါဘူး ။ ဘရိုက်တန် ရဲ့ ကွင်းလယ် ဘောလုံးပေးတဲ့ ပုံစံက မြန်ဆန်ပြီး လိုက်ရခက်ပါတယ် ။ ဒါပေမယ့် သူတို့ မီတိုမာ ကိုပဲ တည်ပြီး ကစားမှာပါ ။ ဒါကို ယူနိုက်တက် ဖြတ်တောက် နိုင်မယ်ဆိုရင် ဗိုလ်လုပွဲ အတွက် အခွင့်အရေး ရှိနိုင်ပါတယ်”

“ဘယ်အသင်းက ခံစစ် ကစားရတဲ့ အချိန်မှာ ပိုကောင်းမလဲ ၊ ဘယ်အသင်းက ပြိုင်ဘက် ခြေထဲက ဘောလုံးကို ရအောင် ပြန်လုနိုင်မလဲ ဆိုတာက အခုပွဲရဲ့ အဖြေပါပဲ ။ ချဲလ်ဆီး ကို ဘရိုက်တန် က နိုင်ခဲ့တယ်ဆိုပေမယ့် အပြတ်အသတ်တော့ မဟုတ်ခဲ့ပါဘူး ။ ဘရိုက်တန် ဘောလုံး ရလာရင် ယူနိုက်တက် ခုခံနိုင်မလား ၊ ယူနိုက်တက် ဘောလုံး ရလာချိန်မှာ ဘရိုက်တန် ဘယ်လို ကစားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ”

“ပြိုင်ပွဲ အတွေ့အကြုံ ကလည်း စကားပြောပါတယ် ။ ယူနိုက်တက် မှာ ဒီလို အဆင့်ကို ရောက်ဖူးတဲ့သူတွေ အများကြီး ရှိပါတယ် ။ ဘရိုက်တန် ကတော့ အခုမှပါ ။ ဒီပွဲမှာ ဘယ်သူပဲ နိုင်သွားနိုင်သွား အံ့သြမိမှာ မဟုတ်တာတော့ အသေအချာပါပဲ”

ပေါလ်မာဆွန် ရဲ့ ခန့်မှန်းချက်ကတော့ ဘရိုက်တန် ၁ – ၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular