spot_img

ချန်ပီယံလိဂ်မှထွက်ရပြီးနောက် ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်များကို အသင်းဂန္ထဝင် ဒရော့ဘာ ဝေဖန်

ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ချယ်လ်ဆီးအသင်း ထွက်ခွာရပြီးနောက် အသင်းပိုင်ရှင်သစ်များကို ဝေဖန်ပြစ်တင်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်ကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

myan789

ချယ်လ်ဆီးအသင်းအနေဖြင့် ပြည်တွင်းဖလားပြိုင်ပွဲအားလုံးမှထွက်ခွာခဲ့ရပြီ ပရီးမီးယားလိဂ်တွင်လည်း ရမှတ် (၃၉)မှတ်ဖြင့် အဆင့် (၁၁) နေရာတွင် ရပ်တည်နေသည့်အတွက် ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ရမည်ဖြစ်သလို လာမည့်ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်ပင် ရရှိမည်မဟုတ်ပေ။

ထို့ကြောင့် ဒရော့ဘာက “အေဘရာမိုဗစ်ချ် လက်ထက်တုန်းက ချယ်လ်ဆီးအသင်းဟာ အဆင့်တစ်ခုရှိခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ ချယ်လ်ဆီးမှာ အဲဒီလိုအဆင့်အတန်းမျိုးမရှိတော့ပါဘူး။ အခုဆို ချယ်လ်ဆီးအသင်းကို ကျွန်တော် မမှတ်မိတော့ပါဘူး။ ချယ်လ်ဆီးက အရင်လိုမဟုတ်တော့ဘူး။ ပိုင်ရှင်သစ်တွေ၊ အမြင်သစ်တွေနဲ့ ဖြစ်ကုန်ပြီ။ အေဘရာဟီမိုဗစ်ချ်လက်ထက်တုန်းကလည်း လူတွေအများကြီး ဝယ်ခဲ့တာပဲ။ ဒါပေမဲ့ သူတို့ ခေါ်တာတွေက အကျိုးရှိတယ်။ အခုက ကစားသမားတွေ များလာတာပဲ ရှိပြီး ကစားသမား (၃၀) လောက်ကို ကိုင်တွယ်ဖို့က နည်းပြအတွက် အရမ်းခက်ခဲပါတယ်” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular