လီဗာပူး အသင်း ရဲ့ နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က ဝက်စ်ဟမ်း အသင်း နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ အာဆင်နယ် ဂိုးသမား အာရွန် ရမ်စ်ဒေးလ် အနေနဲ့ ဝက်စ်ဟမ်း အသင်းရဲ့ ဒုတိယ ချေပဂိုး ကို ကာကွယ် လိုက်နိုင် ခဲ့သင့်တယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။
အင်္ဂလန် လက်ရွေးစင် ရမ်စ်ဒေးလ် ဟာ ပြီးခဲ့တဲ့ တစ်ပတ် လီဗာပူး အသင်း နဲ့ ပွဲမှာ အံ့ဖွယ် လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ပြီး အာဆင်နယ် အသင်းအတွက် သရေတစ်မှတ် ရယူ ပေးနိုင်ခဲ့သူ ဖြစ်ပါတယ် ။ ဒါပေမယ့် ဝက်စ်ဟမ်း နဲ့ ပွဲမှာတော့ ပေးလိုက်ရတဲ့ ဒုတိယချေပဂိုးမှာ ရမ်စ်ဒေးလ် ရဲ့ အမှား မကင်းဘူးလို့ ကာရေဂါ က ဆိုလိုက်တာပါ ။
အာဆင်နယ် အသင်းဟာ ပွဲအစ ၁၀ မိနစ်မှာတင် ဂျေးဇု ၊ အော်ဒီဂတ် တို့ရဲ့ သွင်းဂိုးတွေ နဲ့ ဝက်စ်ဟမ်း အသင်းကို ၂ ဂိုးပြတ် အနိုင် ရနေခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဂါဘရီရယ် ဖျက်ထုတ်မှုကြောင့် အာဆင်နယ် အသင်း ပင်နယ်တီ ပေးလိုက်ရပြီး ဝက်စ်ဟမ်း အသင်း ပထမ ချေပဂိုး ရရှိ သွားခဲ့ပါတယ် ။
ဒုတိယပိုင်း စပြီး သိပ်မကြာခင် အချိန်မှာ ပြိုင်ဘက် ကစားသမား ရဲ့ လက်ထိဘောကြောင့် အာဆင်နယ် အသင်း ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ဆာကာ ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက် နဲ့ လွဲချော် သွားခဲ့ပါတယ် ။ ဆာကာ ပင်နယ်တီ လွဲချော် အပြီး မိနစ်ပိုင်း အကြာမှာပဲ ဘိုဝမ် က ဝက်စ်ဟမ်း အတွက် ဒုတိယ ချေပဂိုး သွင်းသွားခဲ့တာ ဖြစ်ပါတယ် ။
ကာရေဂါ က ဝက်စ်ဟမ်း အသင်း ရသွားတဲ့ ဒုတိယ ချေပဂိုး နဲ့ ပတ်သက်ပြီး ” ဂါဘရီရယ် က ဘိုဝမ် အဲ့ဒီမှာ ရှိနေမှန်း မသိပါဘူး ။ ဘောလုံးက သူ့ဆီ ကွက်တိရောက်သွား ခဲ့တာပါ ၊ ပြီးခဲ့တဲ့ တစ်ပတ် က လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ခဲ့တဲ့ ရမ်စ်ဒေးလ် ကာကွယ် လိုက်နိုင်သင့်ပါတယ် ။ ”
” အာဆင်နယ် အနေနဲ့ ချန်ပီယံဆုကြီးကို ရယူချင်တယ်ဆိုရင် မန်ချက်စတာစီးတီး အသင်း ရဲ့ ကွင်းမှာ မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။