spot_img

မက်ဂွိုင်းယားလက်ထိသည့် ဘောလုံးအတွက် ပင်နယ်တီမရခြင်းသည် ကြီးမားသည့် မှားယွင်းမှု ဖြစ်ကြောင်း ဖောရက်စ်မန်နေဂျာပြောဆို

မန်ယူနှင့်ကစားသည့်ပွဲတွင် မန်ယူခံစစ်မှူး မက်ဂွိုင်းယားသည် ဘောလုံးကို လက်နှင့်ထိခဲ့သော်လည်း ဖောရက်စ်အနေဖြင့် ပင်နယ်တီမရခြင်းသည် ကြီးမားသည့် အမှားတစ်ရပ်ဖြစ်ကြောင်း ဖောရက်စ်အသင်း မန်နေဂျာ ကူးပါးက ဝေဖန်ပြောဆိုလိုက်သည်။

မန်ယူသည် အန်ထော်နီနှင့် ဒါးလော့တို့၏သွင်းဂိုးများဖြင့် ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ သို့ရာတွင် အဆိုပါ ဂိုးများမသွင်းနိုင်မီတွင် မက်ဂွိုင်းယားက လက်ထိဘောဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုဘောလုံးသာ ပင်နယ်တီဖြစ်ခဲ့ပါက ပွဲအခြေအနေမှာ တစ်မျိုးပြောင်းလဲလာနိုင်ကြောင်း မီဒီယာအချို့က သုံးသပ်ပြောကြားသည်။

myan789

ပွဲချိန် ၁၉ မိနစ်တွင် ဖောရက်စ်၏ ထောင့်ကန်ဘောကို တားဆီးရာတွင် ဆန့်တန်းထားသော လက်ကို ဘောလုံးထိမိခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်ဖောရက်စ်အသင်းက ချက်ချင်းပင် ပင်နယ်တီတောင်းဆိုခဲ့သည်။ ကွင်းလယ်ဒိုင် ဟူးပါးက ဗီအေအာကြည့်ရှုပြီးနောက်ပင်နယ်တီမပေးရန် ဆုံးဖြတ်ခဲ့သည်။

ဖောရက်စ်အသင်းမန်နေဂျာ ကူးပါးက “ကျွန်တော်ကတော့ ပင်နယ်တီလို့ထင်ပါတယ်။ ပင်နယ်တီမပေးတာက ကြီးမားတဲ့ မှားယွင်းမှုတစ်ခုဖြစ်ပါတယ်။ ဗီအေအာက ဘာကြောင့် ဆုံးဖြတ်ချက်မမှန်တာလည်းလို့ တွေးမိပါတယ်။ ပြိးခဲ့တဲ့သီတင်းပတ်တွေထဲမှာ ဗီအေအာက ဝေဖန်ခံရနိုင်တဲ့ အဆုံးအဖြတ်တွေချခဲ့တယ်။ အခုဟာကလည်း အဲဒီထဲက တစ်ခုပေါ့ဗျာ။ မက်ဂွိင်းယားအတွက် နောက်ထပ်အဝါကတ်တစ်ကြိမ်နဲ့ အနီကတ်ထိသွားနိုင်တာပေါ့။ ဒီအလုံးကြောင့် ဖောရက်စ်က ရှုံးရတာလို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် အကျိုးသက်ရောက်မှု ကြီးခဲ့တာတော့ အမှန်ပါပဲ။ ရှုံးပွဲကို အကြောင်းပြချက်တွေမပေးချင်တာကြောင့် ပါးစပ်ကို ပိတ်ထားတာပါ။ ကြီးမားတဲ့ မှားယွင်းမှုတစ်ခုဖြစ်ပါတယ်”ဟု ပြောဆိုလိုက်သည်။

မက်ဂွိုင်းယားသည်ပွဲချိန် ၃ မိနစ်ကတည်းက အဝါကတ်တစ်ကြိမ်ပြခံထားရခြင်းဖြစ်ပြီး အဆိုပါလက်ထိသည့် ဘောလုံးအတွက် နောက်တစ်ကြိမ်ပြစ်ဒဏ်ပေးခံခဲ့ရပါက နှစ်ဝါတစ်နီဖြင့် ထွက်ရနိုင်သည့်အခြေအနေတွင် ရှိခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular