spot_img

ဘာပေအနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဖြစ်လာမလား

ပြင်သစ်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ကာလရှည်ရပ်တည်ခဲ့သော ဂိုးသမားလောရိစ်သည် နိုင်ငံတကာကစားသမားအဖြစ်မှ အနားယူပြီးနောက်တွင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် အသင်းခေါင်းဆောင်တစ်ဦးရွေးချယ်ရန် လိုအပ်လာခဲ့သည်။

လောရိစ်က အသင်းခေါင်းဆောင်အဖြစ် ဘာပေကို ရွေးချယ်ရန် ထောက်ခံနေသည်။ ဘာပေသည် ပီအက်စ်ဂျီတွင်လည်း ယခုနောက်ပိုင်းပွဲများတွင် အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ကစားခြင်း အချို့ရှိပြီး အသင်းခေါင်းဆောင်တစ်ဦးအသွင်ပီပီပြင်ပြင် အသင်းဖော်များနှင့် ဆက်ဆံပြောဆိုနိုင်ခြင်းများ ရှိကြောင်း သို့ရာတွင် ပြင်သစ်နည်းပြချုပ်ဒေရှောင့်က ပီအက်စ်ဂျီတွင် အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရခဲ့ခြင်းများကို ထည့်သွင်းစဉ်းစားဖွယ်မရှိကြောင်း သတင်းများကဖော်ပြသည်။

myan789

လောရိစ်က “ပြင်သစ်အသင်းမှာ ကွင်းတွင်း ကွင်းပြင်ပ အဘက်ဘက်က တိုးတက်လာတဲ့ ကစားသမား တစ်ဦးရှိပါတယ်။ သူကတော့ ဘာပေပဲ ဖြစ်ပါတယ်။ အသင်းရဲ့ အဝတ်လဲခန်းထဲမှာလည်း ဘာပေရဲ့ အနေအထားကို တိုးတက်လာနေပါတယ်”ဟု ပြောဆိုလိုက်သည်။

ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် လာမည့်သောကြာနေ့တွင် ပြင်သစ်သည် နယ်သာလန်နှင့် ကစားရန်ရှိနေပြီး မည်သူကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်မည်လည်းဆိုသည်ကို သတင်းသမားများက ဒေရှောင့်ကို အကြိမ်ကြိမ်မေးမြန်းခဲ့သည်။ ဒေရှောင့်က “အသင်းသားတွေနဲ့အတူရှိနေတဲ့ ရက်အနည်းငယ်ကို အသုံးချပြီး အသင်းခေါင်းဆောင်ရွေးချယ်ရေးကိစ္စကို သူတို့နဲ့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဘာပေနဲ့လည်း ဆွေးနွေးသွားမှာပါ။ နောက်တစ်ကြိမ်တွေ့ရင် ဒီကိစ္စကို အခုထက်ပိုပြီးပြည့်ပြည့်စုံစုံပြောနိုင်မယ် ထင်ပါတယ်။ ကြာသပတေးနေ့လောက်ပေါ့”

“ဘာပေမှာ အရည်အချင်းတွေအများကြီး ရှိပါတယ်။ ဒီအထဲကတစ်ခုက သူ့မှာ အသင်းဖော်တွေနဲ့ အကောင်းဆုံး ဆက်သွယ်စကားပြောဆိုနိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကို ရွေးမလဲဆိုတာ မဆုံးဖြတ်ရသေးတော့ အခုထက်ပိုပြီး ပြောပြလို့တော့မရသေးပါဘူး”ဟု ဒေရှောင့်က ပြောဆိုလိုက်သည်။ ဘာပေသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ရိန်းအသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်သည့်ပွဲတွင် ပီအက်စ်ဂျီအသင်း၏ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သည်။ ဒေရှောင့်က ပြင်သစ်အသင်းသား များ၏ ကလပ်အသင်းမှ အနေအထားများကို သူ့အနေဖြင့် ထည့်သွင်းစဉ်းစားလေ့မရှိကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular