spot_img

လာလီဂါဥက္ကဋ္ဌက လာမည့်နွေတွင် လူဝယ်ခွင့်မရှိဟု ဆိုခဲ့သော်လည်း ကစားသမားသစ်များခေါ်ယူမည်ဟု ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ ဆို

လာလီဂါပြိုင်ပွဲ၏ဥက္ကဋ္ဌဖြစ်သူ တီဘက်စ်က ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့် မကိုက်ညီသဖြင့် လာမည့် ၂၀၂၃ နွေရာသီတွင် ကစားသမားသစ် ခေါ်ယူခွင့်မရှိကြောင်း ပြောဆိုထားသော်လည်း ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက မိမိတို့အနေဖြင့် လာမည့်နွေတွင် ကစားသမားသစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တီဘက်စ်သည် မတ်လအစောပိုင်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြုလုပ်သည့် Business Football ဆွေးနွေးပွဲတွင် ဘာစီလိုနာအသင်းအနေဖြင့် ချမှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာခြင်းမရှိသဖြင့် လာမည့်နွေတွင် ကစားသမားသစ် ခေါ်ယူခြင်းကိုလုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

သို့သော် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကမူ မိမိတို့အနေဖြင့် မိမိတို့ ချမှတ်ထားသည့်စီမံကိန်းအတိုင်း သွားမည်ဖြစ်ပြီး အစီအစဉ်ကိုလုံးဝပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လာပေါ်တာက ”ကျွန်တော်တို့အနေနဲ့ လာလီဂါက သတ်မှတ်ထားတဲ့ လစာထက် ပေးရတဲ့လစာ ပိုများနေပါတယ်။ ဒါက အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက ကစားသမားသစ်ခေါ် ယူခွင့်မရှိဘူးလို့ ကျွန်တော် ကြားပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအနေနဲ့ လာမယ့်နွေမှာ အခွင့်အလမ်းကောင်းရင် တောင်ပံကစားသမားတစ်ဦးနဲ့ ဗဟိုခံစစ်မှူးတစ်ဦး ထပ်ခေါ်သွားမှာပါ။ သေချာတာကတော့ လာမယ့်နွေမှာ တိုက်စစ်မှူးတစ်ဦး ရောက်လာပါလိမ့်မယ်။ ပြီးတော့ အကယ်ဒမီကနေလည်း ကစားသမားသစ်တွေ ထွက်လာပါလိမ့်မယ်။ ကျွန်တော်တို့လိုအသင်းအတွက် စီးပွားရေးပိုင်းနဲ့ပတ်သက်လို့ ကန့်သတ်ချက်မရှိပါဘူး”ဟု ဆိုခဲ့သည်။

ထို့ပြင် လာပေါ်တာက မိမိတို့အသင်းနှင့် လာလီဂါပြိုင်ပွဲ၏ဆက်ဆံရေး တိုးတက်လာသင့်ကြောင်းနှင့် ယခုကဲ့သို့ ဆက်သွားမည်ဆိုပါက နှစ်ဦးနှစ်ဖက်အတွက် အကျိုးမရှိနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

”တီဘက်စ်က ဘာစီလိုနာနဲ့ ပတ်သက်လို့ ပြောချင်တာတွေကို လွယ်လွယ်ပြောနေတယ်။ အရင်တုန်းကလည်း ဘာစီလိုနာကို ဘယ်လိုလုပ်ခဲ့လဲ အားလုံးသိပါတယ်။ ဘာစီလိုနာနဲဲ့ လာလီဂါပြိုင်ပွဲရဲ့ ဆက်ဆံရေးက တိုးတက်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုပုံစံအတိုင်း ဆက်သွားနေတာက ကျွန်တော်တို့နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးမရှိပါဘူး။ သူက ဘာစီလိုနာကို တားဆီးနေတာပါ” ဟု ပြောကြားခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular