spot_img

အက်ဖ်အေ က စုံစမ်းစစ်ဆေးနေတဲ့ အာဆင်နယ် အသင်းရဲ့အောင်ပွံခံပုံ နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလာခဲ့တဲ့ ဂန်းနား ဂန္တဝင်

ဂန်းနား ဂန္တဝင် နောက်ခံလူဟောင်း လော်ရင့် ကတော့ ဝေဖန်မှုတွေ ရှိနေကြတဲ့ ဘုန်းမောက် နဲ့ ပွဲက အာဆင်နယ် အသင်းရဲ့အောင်ပွဲခံပုံ နဲ့ ပတ်သက်ပြီး ကာကွယ် ပြောကြား လိုက်ပါတယ် ။ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့မှာ ဘုန်းမောက် အသင်းကို ဒရမ်မာဆန်ဆန် အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ် ။

ဘုန်းမောက် အသင်းဟာ ပွဲမပြီးခင် ၃၅ မိနစ် အလို အထိ အာဆင်နယ် အသင်းကို နှစ်ဂိုးပြတ် ဦးဆောင်ထားနိုင်ရာကနေ သုံးဂိုး ပြန်ပေးခဲ့ရပြီး အရေးနိမ့် သွားခဲ့တာပါ ။ ဘုန်းမောက် အသင်းဟာ ပွဲအစ ၉ စက္ကန့်မှာတင် ဘေလင်း ရဲ့ သွင်းဂိုး ကနေ တဆင့် အာဆင်နယ် အသင်းကို ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

myan789

ဒုတိယပိုင်းမှာလည်း ထောင့်ကန်ဘောကနေ သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူ ခဲ့တာကြောင့် ချယ်ရီ တို့ အမ်းမရိတ်မှာ အမှတ်ရတော့မယ်လို့ ထင်မှတ် စရာ ဖြစ်ခဲ့ပေမယ့် အာဆင်နယ် အသင်းဟာ ၈ မိနစ် အတွင်း ချေပဂိုး ၂ ဂိုး ပြန်သွင်းပီး သရေ ပြန်ကစားခဲ့ပါတယ် ။ သရေ တစ်မှတ် ခွဲစီနဲ့ ပွဲပြီးလုပြီးခင် ဖြစ်နေချိန်မှာ နယ်လ်ဆင် က ဂန်းနားတို့ အတွက် လှပ သေသပ်တဲ့ ကန်ချက် နဲ့ အတူ အနိုင်ဂိုး သွင်းယူ သွားခဲ့ပြီး ဘုန်းမောက် တို့ အသည်းကွဲ သွားခဲ့ရပါတယ် ။

နယ်လ်ဆင် ရဲ့ ကန်ချက် ဂိုးဝင် သွားချိန်မှာ အာဆင်နယ် အသင်းသားတွေဟာ အကြီးအကျယ် အောင်ပွဲ ခံခဲ့ကြပြီး အရန်ခုံတန်းက ကစားသမားတွေ နှင့် နည်းပြ အဖွဲ့ဝင်တွေပါ ကွင်းထဲ ဝင်ရောက် အောင်ပွဲ ခံခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ဒိုင်လူကြီး ကာဗာနက်ချ် ဟာ အာဆင်နယ် အသင်းရဲ့အောင်ပွဲ ခံပုံ နဲ့ ပတ်သက်ပြီး အစီရင်ခံစာထဲ ထည့်သွင်းရေးသားခဲ့တာကြောင့် အက်ဖ်အေ ရဲ့ စုံစမ်း စစ်ဆေးမှု ကို ခံယူ ရတော့မှာ ဖြစ်ပါတယ် ။

ဂန်းနားဟောင်း လော်ရင့် ကတော့ အာဆင်နယ် အသင်းရဲ့အောင်ပွဲ ခံမှုဟာ ဘာမှ မမှားယွင်းကြောင်း ချေပလိုက်ပြီး ဘုန်းမောက် နဲ့ ပွဲက စွမ်းဆောင်ရည် ကို ချီးကျူး သွားခဲ့ပါတယ် ။ ” ဘုန်းမောက် နဲ့ ပွဲက အာဆင်နယ် အသင်းရဲ့ အောင်ပွဲ ခံမှု အပေါ် အကြီးအကျယ် ဝေဖန် ပြောဆိုနေစရာ ဘာအကြောင်းမှ မရှိပါဘူး ။ ”

” အိမ်ကွင်း မှာ ၀-၂ နဲ့ ရှုံးနိမ့် နေတဲ့ အချိန် ကိုယ်က အမှတ်ပေး ဇယား ထိပ်ဆုံး က အသင်းလေ မဟုတ်ဘူးလား ၊ ဒီလိုပွဲ မှာ ရှိနေတဲ့ ဖိအား က အတော်လေး ကြီးမားပါတယ် ၊ အဲ့ဒီလို ဖိအား ကြီးကြီးမားမား ရှိနေတာတောင် ၀-၂ အနေအထား ကနေ bounce back လုပ်ပြပြီး အနိုင် ယူသွားခဲ့တာပါ ။ ”

” သူတို့ရဲ့ အောင်ပွဲခံမှု အပေါ် ရေးကြီးခွင်ကျယ် ပြောနေရမှာကို မဟုတ်ပါဘူး ၊ သူတို့ ရေလည် ပွဲခံရမှာပဲ​​လေ ၊ သူတို့အတွက် အောင်ပွဲ ခံဖို့ ထိုက်တန်တဲ့ ပွဲတစ်ပွဲ ပဲလေ ၊ ဒါပေမယ့် အာဆင်နယ် အနေနဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်း က အရှည်ကြာကြီး ရှိနေသေးတာကြောင့် အေးဆေး တည်ငြိမ်မှု ရှိဖို့တော့ လိုအပ်ပါတယ် ။ ”

” ပွဲအစ ၉ စက္ကန့်မှာ ဂိုးပေးလိုက်ရတာမျိုးကတော့ မဖြစ်သင့်ပါဘူး ။ ဒါပေမယ့် အာဆင်နယ် က လုံးဝ High Press ကစားခဲ့ပြီး သူတို့ရဲ့ ဘောလုံး ပေးပို့ပုံ ၊ လည်ပတ်ပုံ နှင့် အမြန်နှုန်းတွေက တကယ့်ကို အမေးဇင်း ပါပဲ ၊ မိနစ် ၉၀ လုံးလုံး ဒီလို ကစားပြ နိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး ၊ ဘုန်းမောက် အသင်းရဲ့ အားနည်းချက် ထက် အာဆင်နယ် အသင်းရဲ့ ကောင်းမွန်လွန်းတဲ့ အရာတွေကြောင့် အနိုင်သွားခဲ့တာလို့ ကျနော်ကတော့ ဆိုချင်ပါတယ် ။ ”

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular