spot_img

မန်ယူကို ချီးမွမ်းခြင်းသာမက သရော်ခြင်းပါပြုလုပ်လိုက်တဲ့ မန်စီးတီးမန်နေဂျာဂွာဒီယိုလာ

မန်ယူအသင်းက ကာရာဘောင်ဖလားရယူနိုင်ခြင်းနှင့်ပတ်သက်၍ မန်စီးတီးအသင်းမန်နေဂျာ ဂွာဒီယိုလာက ချီးမွမ်းလိုက်သော်လည်း မန်ယူက ကစားသမားခေါ်ယူရေးအတွက် ငွေများစွာ သုံးစွဲခဲ့သည့်အချက်ကို ထောက်ပြပြောဆိုလိုက်သည်။

မန်ယူသည် ၆ နှစ်ခန့်ဆုဖလားခန်းခြောက်ခဲ့သည်။ ၂၀၁၇ တွင် မော်ရင်ညိုလက်ထက်တွင် ယူရိုပါလိဂ်ဖလား ရရှိပြီးနောက် ၆ နှစ်ခန့်ဆုဖလားမရဖြစ်ကာ ယခုကျမှ ကာရာဘောင်ဖလားကို အရယူလိုက်နိုင်ခြင်းဖြစ်သည်။ ဂွာဒီယိုလာသည် ထိုကာလအတွင်းတွင် မန်စီးတီးအတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု ၄ ကြိမ်နှင့် လိဂ်ဖလား ၄ ကြိမ်တို့ကို ရရှိခဲ့သည်။ သို့ရာတွင် မန်စီးတီးသည် ကစားသမားများကို ငွေအများအပြားပေး၍ ခေါ်ယူပြီး ငွေသုံးစွဲနိုင်ခြင်းကြောင့် အောင်မြင်မှု ရရှိသည်ဟု ဝေဖန်မှုအချို့ကို ဂွာဒီယိုလာ ခံခဲ့ရသည်။

myan789

ထိုအချိန်အတွင်းတွင် မန်ယူသည် ကစားသမားခေါ်ယူရေးအတွက် စုစုပေါင်းပေါင် ၆၈၅ သန်းသုံးပြီး မန်စီးတီးကမူ ကစားသမားခေါ်ယူရေးအတွက်ပေါင်သန်း ၆၆၀ သာအသုံးပြုခဲ့သည်။ ဂွာဒီယိုလာသည် ကာရာဘောင်ဖလားရရှိခြင်းအတွက် မန်ယူကို ဂုဏ်ပြုခဲ့သော်လည်း ထိုသို့ ငွေသုံးစွဲမှုများသည့် အချက်ကိုပါ သရော်စကားပြောဆိုသွားခဲ့ခြင်းဖြစ်သည်။ ကစားသမားအရောင်းအဝယ်အတွက် အသားတင်ငွေသုံးစွဲမှုကို နှိုင်းယှဉ်ကြည့်လျှင် မန်ယူနှင့် မန်စီးတီးကြားတွင် ကွာဟမှုမှာ ပို၍ ကြီးမားကြောင်း သတင်းများက ဖော်ပြသည်။ မန်ယူသည် ကစားသမားခေါ်ယူမှုအတွက် အသားတင်ပေါင်သန်း ၅၂၇ သန်းအသုံးပြုခဲ့ပြီး မန်စီးတီးသည် အသားတင်ပေါင်သန်း ၁၆၂ သန်းအသုံးပြုခဲ့သည်။

“ကာရာဘောင်ဖလားဗိုလ်လုပွဲအတွက် မန်ယူကိုသာမက နယူးကာဆယ်ကိုပါ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ ဒီပွဲက စွဲဆောင်မှုရှိခဲ့ပါတယ်။ မန်ယူက အနှေးနဲ့အမြန်ဆုဖလားရသင့်ပါတယ်။ မရသင့်ဘူးလားဗျာ”ဟု ပြောဆိုလိုက်သည်။

မန်ယူအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို အမှန်တကယ် စိန်ခေါ်နိုင်မည်လားဟု မေးမြန်းရာတွင် ဂွာဒီယိုလာက “သူတို့က ငွေပိုသုံးရင်ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ငွေမသုံးဘူးလို့ ပြောချင်လို့မဟုတ်လား။ မန်ယူက သူတို့ရှိသင့်တဲ့နေရာကို ပြန်ရောက်လာတာပါ။ တကယ်တမ်းကတော့ ကျွန်တော်တို့မန်စီးတီးနဲ့ လီဗာပူးတို့က ငွေသုံးတဲ့နေရာမှာ အထိရောက်ဆုံးဖြစ်အောင် သုံးသွားတာပါ”ဟု ပြောဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular