spot_img

ဆိုင်းငံ့ထောင်ဒဏ် (၂၁)လ ချမှတ်ခံခဲ့ရသည့် မက်ဂွိုင်းရားကို မန်ယူအသင်း ထောက်ခံခဲ့ပြီး အယူခံဝင်သွားမည်ဟု ထုတ်ပြန်

ဂရိတရားရုံး၏ ဆိုင်းငံ့ထောင်ဒဏ် (၂၁)လ ချမှတ်ခြင်းခံခဲ့ရသည့် မက်ဂွိုင်းရားကို ထောက်ခံကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း မန်ယူအသင်းက ထုတ်ပြန်ခဲ့သည်။

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် ဂရိနိုင်ငံအရှေ့တောင်ဖျားပိုင်းတွင်ရှိသည့် Mykonos ကျွန်းတွင် အပန်းဖြေခရီးထွက်ခွာစဉ် ဂရိရဲများနှင့် အချင်းများခဲ့ခြင်းဖြစ်သည်။

myan789

ယင်းအတွက် မက်ဂွိုင်းရားအပါအဝင် လူပုဂ္ဂိုလ်(၃)ဦးအား တာဝန်ရှိသူများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အမိန့်ကို ဖီဆန်ခြင်း၊ တစ်ဖက်သားကို ထိခိုက်ဒဏ်ရာရအောင် ကျူးလွန်ခြင်းနှင့် ရဲတပ်ဖွဲ့အားလာဘ်ပေးရန် ကြိုးစားခြင်းများအတွက် စွဲချက်တင်ကာ ဂရိတရားရုံးတွင် သြဂုတ်လ (၂၅)ရက်က စစ်ဆေးခဲ့သည်။

ယင်းစစ်ဆေးမှုတွင် မက်ဂွိုင်းရားအနေဖြင့် စွဲချက်များအားလုံးကို ကျူးလွန်းကြောင်း တရားရုံးက ဆုံးဖြတ်ကာ ၎င်းအား ဆိုင်းငံ့ထောင်ဒဏ် (၂၁)လနှင့် အခြားနှစ်ဦးကို ဆိုင်းငံ့ထောင်ဒဏ် (၁၃)လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မက်ဂွိုင်းရားအနေဖြင့် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရပြီးနောက် မန်ယူအသင်းက ၎င်းကို ထောက်ခံကြောင်းနှင့် အဆိုပါပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်း၏ ထုတ်ပြန်ချက်တွင် “မန်ယူအသင်းအနေဖြင့် ယနေ့တွင် ဂရိတရားရုံ၏ ဆုံးဖြတ်ချက်ကို ကြားသိရပါကြောင်း၊ မက်ဂွိုင်းရားအနေဖြင့် ၎င်းအပေါ် စွဲချက်များတွင် အပြစ်မရှိဟု ပြောဆိုခဲ့သလို၊ လက်ရှိတွင်လည်း မက်ဂွိုင်းရားက အပြစ်ကင်းသည်ဟု ခိုင်မာစွာယုံကြည်နေဆဲဖြစ်ကြောင်း၊ အမှုကို ကြားနာရာတွင် တရားခံ၏ရှေ့နေအဖွဲ့ကို ပြင်ဆင်လုံလောက်အောင် မပေးခဲ့ကြောင်း၊ အမှုကြားနာမှုကို ရွှေ့ဆိုင်းရန် တောင်းဆိုမှုမှာလည်း ပယ်ချခံခဲ့ရကြောင်း၊ ထို့ကြောင့် မက်ဂွိုင်းရား၏ ဥပဒေအကျိုးဆောင်အဖွဲ့အနေဖြင့် တရားမျှတမှု ရှိစေရန်အတွက် ယခုပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဖြစ်ကြောင်း”ပါရှိသည်။

မက်ဂွိုင်းရားသည် ဆိုင်းငံ့ထောင်ဒဏ် (၂၁) ချမှတ်ခံရခြင်းကြောင့် စက်တင်ဘာလအတွင်း ၂၀၂၀ UEFA Nations League အုပ်စုပွဲစဉ်များအဖြစ် အိုက်စလန်၊ ဒိန်းမတ်တို့နှင့် ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular