spot_img

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးအနေနဲ့ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမယ်ဆိုရင် အပြောင်းအရွှေ့ပြုလုပ်ခွင့် တောင်းခံသွားဖွယ်ရှိတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကြယ်ပွင့်ကစားသမားတွေ ပြည့်နှက်နေတဲ့ လူစာရင်းကို နှစ်ပေါင်းများစွာ ငွေကြေးများစွာ သုံးစွဲပြီးတည်ဆောက်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဆုဖလားကြီးဟာ လီဂူးဝမ်းထိပ်သီးအသင်းကြီးကို ရှောင်လွှဲနေခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၂၀၂၀ ခုနှစ်တုန်းက တစ်ကြိမ်သာ ဥရောပထိပ်တန်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လီဂူးဝမ်းချန်ပီယံတွေဟာ ယခုရာသီမှာလည်း ချန်ပီယံလိဂ် ၁၆ သင်းရှုံးအဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ထပ်မံရင်ဆိုင်ရတော့မှာဖြစ်ပြီး စပိန်သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာဟော ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့အသင်းသာ ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာရမယ်ဆိုရင် အပြောင်းအရွှေ့ပြုလုပ်ခွင့် တောင်းခံသွားနိုင်တယ်လို့ သိရပါတယ်။

myan789

ပီအက်စ်ဂျီအသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်းမှာ ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အမ်ဘာပေက ပေါင်ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေဟာ မတ်လ ၈ ရက်နေ့ အဲလီးယန့်ဇ်အေရီနာမှာ ပြန်လည်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ အချိန်မီ ပြန်လည်ပါဝင်ကစားပေးနိုင်မှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ လက်ရှိမှာ ပီအက်စ်ဂျီနဲ့ ၂၀၂၄ ခုနှစ်နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့်လည်း ပြင်သစ်ချန်ပီယံတွေဟာ တစ်နှစ်သက်တမ်းတိုးခွင့် ရှိနေတာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ အမ်ဘာပေသာ ပြင်သစ်လီဂူးဝမ်းကလပ်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို နောက်ထပ် ပြောင်းရွှေ့နိုင်တဲ့နေရာတွေအဖြစ် ရှိနေတာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular