မကြာသေးမီကမှ လေ့ကျင့်ရေးပြန်ဆင်းပြီးနောက် ဂျေဒန် ဆန်ချိုသည် ကြံ့ခိုင်မှုရှိပြီး အဆင်သင့်ဖြစ်နေသည့်ပုံစံကို မြင်တွေ့ရသည့်အတွက် မန်ယူပရိသတ်များက ကျေနပ်အားရနေကြသည်။

ဆန်ချိုသည် အောက်တိုဘာလအစောပိုင်းက ချဲလ်ဆီးနှင့် ၁-၁ သရေကျခဲ့သောပွဲတွင် သရဲနီတို့အတွက် နောက်ဆုံးကစားပြီးနောက် မကြာမီတွင် အသင်းလေ့ကျင့်ရေးတွင် ပါဝင်ခြင်းမရှိခဲ့ပေ။ အဲရစ်တန်ဟက်သည် ၎င်း၏ ပျက်ကွက်ရခြင်းအတွက် ကြံ့ခိုင်မှု အားနည်းခြင်းကို အကြောင်းပြခဲ့ပြီး ကျန်အသင်းသားများက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်သို့ သွားရောက်စဉ်တွင် ဆန်ချိုက တစ်ဦးတည်းအစီအစဉ်ဖြင့် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ တန်ဟက်က ဆန်ချို ပြန်လာပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်မှာတော့ ဆန်ချိုသည် ပြီးခဲ့သည့်သီတင်းပတ်က လေ့ကျင့်ရေးမှာ ဓာတ်ပုံအရိုက်ခံခဲ့ပြီး ယခုလ ၂၃ ရက်မှာ မန်ယူက ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်မှာပဲ လေ့ကျင့်ရေးတွင်ပြန်လည်ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဆန်ချို၊ ဒါးလော့နှင့် မာရှယ်တို့သည် ပွဲစဉ်အတွက် မရနိုင်တော့ကြောင်း တန်ဟက်က ၂၄ ရက်တွင် အတည်ပြုပြောကြားခဲ့သော်လည်း မန်ယူပရိသတ်များသည် ၎င်းတို့၏တောင်ပံကစားသမားပြန်လာခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာကောင်းမွန်သော အခြေအနေကို မြင်တွေ့ရသည့်အတွက် စိတ်လှုပ်ရှားခဲ့ကြသည်။
