spot_img

မန်စီးတီးနှင့် ယှဉ်ပြိုင်ကစားရာတွင် အချက်နှစ်ချက်လုပ်ဆောင်ရန် အဲရစ်တန်ဟက် တောင်းဆိုခဲ့

အိုးထရက်ဖို့ဒ်တွင် မန်စီးတီးအသင်းကို အနိုင်ယူခဲ့သော အထင်ကြီးလောက်စရာမန်ချက်စတာဒါဘီပွဲနှင့်အတူ မန်ယူအသင်းသည် မည်မျှအထိ ရောက်ရှိလာကြောင်းကို မန်ယူအသင်း၏မန်နေဂျာ အဲရစ်တန်ဟက်က ပြသခဲ့ပြီဖြစ်သည်။

အဲရစ်တန်ဟက်သည် ယခုလ ၁၄ ရက်နေ့တွင် ပြိုင်ဘက် မန်စီးတီးအသင်းကို အနိုင်ယူခဲ့သော သူ၏ နည်းဗျူဟာပိုင်းဆိုင်ရာ မဟာအစီအစဥ်အတွက် ကြီးမားသော ချီးကျူးမှုနှင့် ထိုက်တန်သည်ဟု ဗဟိုနောက်ခံလူ ရာဖေးလ်ဗာရိန်းက ယုံကြည်နေသည်။

myan789

ဘရူနိုဖာနန်ဒက်စ်နှင့် မားကပ်စ်ရက်ရှ်ဖို့ဒ်တို့၏ သွင်းဂိုးများကြောင့် ဂျက်ဂရီးလစ်ရှ်၏ အဖွင့်ဂိုးကို ချေပနိုင်ခဲ့သည့်အတွက် မန်ယူအသင်းသည် သူတို့၏ အံ့အားသင့်စရာကောင်းသော တစ်ကျော့ပြန်အနိုင်ရမှုနှင့်အတူ ရည်ရွယ်ချက်အမှန်ကို အချက်ပြလိုက်ပြီဖြစ်သည်။

ယူနိုက်တက်အနေဖြင့် မန်စီးတီးကို အနိုင်ဂိုးသွင်းနိုင်ရန် နားချိန်တွင် နှစ်ကြိမ်တိုင်တိုင် အကျပ်ရိုက်စေခဲ့လင့်ကစား တန်ဟက်က သူ၏ အသင်းကို တန်ပြန်တိုက်စစ်ဖြင့် အစွမ်းကုန် ကစားရန်နှင့် အဆင်ပြေဆုံးအလုပ်ဖြစ်ခဲ့သည့် အစီအမံတစ်ခုတို့ကို ချပြတောင်းဆိုခဲ့သည်။

ကွင်းတစ်ဖက်ခြမ်းတွင် မန်ယူအသင်းက မန်စီးတီးအသင်း၏ အားနည်းချက်များကို ပေါ်လွင်စေခဲ့သောအခါ မန်စီးတီးသည် ခံနိုင်ရည်ရှိသော ခံစစ်ကို ဖြိုဖျက်ရန် ရုန်းကန်ခဲ့ရပြီး လေးနက်စွာ အပြစ်ပေးခံခဲ့ရသဖြင့် အဆိုပါအစီအစဥ်သည် ပြီးပြည့်စုံသော ကစားပွဲအစီအမံတစ်ခုဖြစ်ပါသည်။

မန်ယူအသင်း၏ အဆိုပါပွဲ၌ စွမ်းဆောင်ရည်သည် ရာသီအစောပိုင်းက ပြိုင်ဘက်မန်စီးတီးအသင်းကို ၆-၃ ဖြင့် အရှက်တကွဲဖြစ်ခဲ့ရသော ရှုံးပွဲနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့ပေသည်။ ထိုသို့ အနိုင်ရရန် ကြိုးကိုင်စီမံမှုအတွက် တန်ဟက်သည် ဂုဏ်ပြုထိုက်သည်ဟု ဗာရိန်းက ယုံကြည်နေသည်။

“ဒါဟာ ပွဲကောင်းတစ်ပွဲပါ။ ကျွန်တော်တို့ ဒီပွဲအတွက် မန်နေဂျာနဲ့ နည်းဗျူဟာကျကျ ပြင်ဆင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သူနဲ့ အများကြီး စကားပြောခဲ့ပါတယ်” ဟု ဗာရိန်းက အဆိုပါနိုင်ပွဲပြီးနောက် ပြောကြားခဲ့သည်။  “ကျွန်တော်တို့ ဘာလုပ်ချင်ခဲ့လဲဆိုတာကို ကျွန်တော်တို့ အတိအကျ သိခဲ့ကြပါတယ်။ ဒီပွဲမှာ ပထမပိုင်းမှာ ပိုကောင်းအောင် ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး၊ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကစားပုံက နည်းနည်းတော့ ညံ့ပါတယ်။ မန်စီးတီးကလည်း ကစားတာကောင်းတော့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်၊ နောက်တော့ ကျွန်တော်တို့ အားကောင်းလာတယ်။ အဲဒီပွဲဟာ အထူးပွဲတစ်ပွဲ၊ တစ်ကျော့ပြန်လာမှုလည်း ဖြစ်သလို ကျွန်တော်တို့ရဲ့အိမ်ကွင်းမှာလည်း ဖြစ်ပါတယ်။”

“ကျွန်တော်တို့ဟာ ရှုံးနိမ့်ခဲ့ရတဲ့ ပြီးခဲ့တဲ့ပွဲ (မန်စီးတီးနဲ့ပွဲ) မှာ ထက်အများကြီးပိုကောင်းလာပါပြီ။ မန်နေဂျာက ဘာကိုလိုချင်သလဲ၊ အဲဒီအတွက် ဘာတွေလုပ်စေချင်သလဲဆိုတာကို အခုပိုသိလာပါပြီ။ ဒီအသင်းမှာ တိုးတက်ပြောင်းလဲလာတာကို ကျွန်တော်တို့မြင်ခဲ့ရပါတယ်။ ဒါဟာ အဆင့်မြင့်မြင့်နဲ့ ပြီးပြည့်စုံတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ အရမ်းပျော်တယ်။”

“မန်စီးတီးက သိပ်ကို ကောင်းကောင်းကစားတာကို ကျွန်တော်တို့ သိပါတယ်။ သူတို့ ဖိထားတယ်၊ သူတို့က ဉာဏ်အရမ်းကောင်းကြပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ ဖိကစားရမလဲဆိုတာနဲ့ ဘယ်နေရာတွေမှာ ပိတ်ကစားရမယ်ဆိုတာကို ကျွန်တော်တို့ ရွေးချယ်ခဲ့တယ်။ သူတို့ကို ဘယ်မှာ အထိနာစေရမလဲဆိုတာ ကျွန်တော်တို့ သိထားသလို ရှေ့ကနေ ကစားတာ အရမ်းမြန်တဲ့ ကစားသမားတွေလည်း ရှိထားတယ်။ ကျွန်တော်တို့ရဲ့ လျင်မြန်တဲ့ ကစားသမားတွေကို အသုံးပြုခဲ့ရပါတယ်။” 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular