ဘာစီလိုနာနည်းပြ ဇာဗီက နာမည်ကျော် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ဆော်ဒီလိဂ်ပြိုင်ပွဲ၏အဆင့်အတန်းကို လျှော့မတွက်ရန် သတိပေးပြောကြားခဲ့ကြောင်းသိရသည်။
စီရော်နယ်လ်ဒို (၃၇ နှစ်)သည် မန်ယူအသင်း နှင့်စာချုပ်ဖျက်သိမ်းပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ တစ်နှစ်လစာ ယူ ရို သန်း ၂၀၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။
ဘာစီ လိုနာနည်းပြ ဇာဗီသည် ၂၀၁၅ မှ ၂၀၁၉ ထိ ဆော်ဒီကလပ် အယ်လ်ဆက်ဒ်အသင်းတွင် ကစားခဲ့ပြီး ကစားသမားဘဝမှ အနားယူပြီးနောက် ယင်းအသင်းကို နှစ်နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့သည်။
ထို့ကြောင့် ဇာဗီက “စီရော်နယ်လ်ဒိုက ဆော်ဒီမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ စာချုပ်ချုပ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ကစားသမားဘဝ အဆုံးသတ်ချိန်က ထင်သလောက်ချောမွေ့မှာ မဟုတ်ပါဘူး။ ဆော်ဒီလိဂ်က ရှုပ်ထွေးပြီး စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာပါ”ဟု ပြောကြားခဲ့သည်။