spot_img

PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ရသည့် အကြောင်းအရင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်စွဲမှုနှင့် သက်သေထူသွားမည်ဟု ဘာပေ ကြုံးဝါး

PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ရသည့် အကြောင်းအရင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်စွဲမှုနှင့် သက်သေထူသွားမည်ဟု တိုက်စစ်မှူး ဘာပေက ကြုံးဝါး ခဲ့သည်။

ဘာပေသည် ၂၀၁၇ ခုနှစ်တွင် မိုနာကိုအသင်းကို ပြင်သစ်အမှတ်ပေးချန်ပီယံဆုနှင့် ချန်ပီယံလိဂ် နောက်ဆုံး(၄)သင်းစာရင်းဝင်ရန် သူ၏သွင်းဂိုးများဖြင့် ကူညီပြီးနောက် ဥရောပထိပ်တန်းကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသည်။

myan789

၎င်းမှာ ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ခံကလပ် PSG အသင်းကိုသာ ရွေးချယ်ခဲ့ပြီး ဆယ်ကျော်သက်ကစားသမားများထဲတွင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

”ဒီအရာ(PSGနဲ့ ချန်ပီယံဖလားရယူဖို့)ဟာ ကလပ်အသင်းကို ပြောင်းရွှေ့လာတဲ့အကြောင်းအရင်းဆိုတာ သေချာပါတယ်။ ပြင်သစ်ဘောလုံးရဲ့သမိုင်းကို ရေးထိုးချင်တယ်လို့ ကျွန်တော် အမြဲပြောခဲ့ဖူးပါတယ်။ မနက်ဖြန်မှာ ဒီလိုစွမ်းဆောင်နိုင်ဖို့ နောက်ထပ်အခွင့်အရေး ရှိနေပါပြီ။ ၂၀၁၇ မှာ အသင်းကို စရောက်ပြီးကတည်းက စိတ်ပျက်စရာအတွေ့အကြုံတွေ အမြောက်အမြားရှိခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ ဗိုလ်လုပွဲရောက်နေပြီး အလွယ်တကူအလျှော့ပေးတတ်တဲ့ အသင်းမဟုတ်ဘူးဆိုတာ သက်သေပြခဲ့ပြီးသားပါ။ ပြင်သစ်ကလပ်အသင်းတစ်သင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ရင် စစ်မှန်တဲ့ဆုလာဘ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါဟာ အသင်းကို ကျွန်တော်ရောက်လာပြီးကတည်းက ခံယူထားတဲ့ တာဝန်ပါပဲ”ဟု ဘာပေက သြဂုတ်လ ၂၂ ရက်က ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဘာပေက ချန်ပီယံလိဂ်များကို တံခါးပိတ်ကစားရသော်လည်း ပြိုင်ပွဲ၏ကြီးမားသည့်သရုပ်သကန် ရှိနေဆဲဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

ဘာပေသည် အသင်းဖော် နေမာ၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းပြီးနောက် ယူရို သန်း ၁၈၀ နှင့် ဒုတိယအများဆုံး စံချိန်တင်ထားသူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular