အန်ဖီးလ်ကွင်း၌ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံများနှင့် ယှဉ်ပြိုင်ကစားသည့် နောက်ဆုံး(၁၄)ပွဲကို ရှုံးပွဲမရှိအောင် လီဗာပူးလ်အသင်း စွမ်းဆောင်နိုင်ခဲ့

လီဗာပူးလ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် အန်ဖီးလ်ကွင်း၌ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံများနှင့် ယှဉ်ပြိုင်ကစားသည့် နောက်ဆုံး(၁၄)ပွဲကို ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ၂၀၀၇-၀၈ ရာသီတွင် လက်ရှိချန်ပီယံ မန်ယူအသင်းကို အိမ်ကွင်းအန်ဖီးလ်၌ (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးကတည်းက ယင်းနောက်ပိုင်း ရာသီများတွင် လက်ရှိချန်ပီယံအသင်းများနှင့် ဆုံတွေ့တိုင်း မှတ်တမ်းကောင်းရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

myan789

၂၀၀၈-၀၉ ရာသီမှ ယခု ၂၀၂၂- ၂၃ ရာသီအထိ စုစုပေါင်း(၁၅)ရာသီတွင် လီဗာပူးလ်အသင်းက တစ်ကြိမ်ချန်ပီယံဖြစ်ခဲ့သောကြောင့် လက်ရှိချန်ပီယံအသင်းများနှင့် ဆုံတွေ့မှု (၁၄)ပွဲရှိခဲ့ပြီး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် (၈)ပွဲအထိအနိုင်ရခဲ့ပြီး (၆)ပွဲသရေကျခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းကာလအတွင်း မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အများဆုံးရယူနိုင်ခဲ့သောကြောင့် မန်စီးတီးနှင့် ဆုံတွေ့မှုမှာ (၆)ကြိမ်နှင့် အများဆုံးဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းက (၃)ပွဲနိုင်၊ (၃)ပွဲသရေ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်သလို၊ ယခုပွဲမတိုင်မီ၌ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့သည်။ လီဗာပူးလ်အသင်းမှာမူ ယခုရာသီ၌ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့်အတွက် နှစ်သင်းထိပ်တိုက်တွေ့သည့်ပွဲတွင် မန်စီးတီးအသင်းပင် ရလဒ်ကောင်းလိမ့်မည်ဟု အများစုက ထင်ကြေးပေးထားခဲ့ကြသော်လည်း လက်တွေ့ တွင် လီဗာပူးလ်အသင်းက ပုံစံကောင်းပြသကာ လက်ရှိချန်ပီယံ မန်စီးတီးကို အလဲထိုး ခဲ့ခြင်းဖြစ်သည်။

ယခုရလဒ်မှာ မန်စီးတီးအသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမဆုံးရှုံးနိမ့်မှု ဖြစ်ခဲ့သည့်အပြင် ပရီးမီးယားလိဂ်ရှုံးပွဲမရှိမှတ်တမ်း(၂၁)ပွဲဖြင့် အဆုံးသတ်သွားခြင်းလည်းဖြစ်ခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဖေဖော်ဝါရီလက စပါးအသင်းကို (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း (၂၁)ပွဲဆက် ရှုံးပွဲမရှိဘဲ အန်ဖီးလ်ကွင်းရောက်မှ ရှုံးပွဲပြန် တွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မတ်လက ခရစ္စတယ်ပဲလေ့စ်နှင့် (ဝ-၀)ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်(၁၈)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သည့် တိုက်စစ်စွမ်းဆောင်ရည်လည်း အန်ဖီးလ်ကွင်းတွင် ရပ်တန့်သွားခဲ့ရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular