စပါးအသင်း၏နည်းပြ အန်တိုနီယိုကွန်တီက မည်သည့်ကစားသမားမျှ အသင်းတွင် ပထမနေရာအတွက် အာမခံချက်မရှိဟု သတိပေးပြောကြားခဲ့သည်။
စပါးအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတိုးလာခဲ့ပြီး ဂိုးပေါက်ပျောက်နေသည့် ဆွန်ဟောင် မင်အား ပုံမှန်နေရာပေးနေသည့်အတွက်လည်း ကွန်တီကို မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
ထို့ကြောင့် ကွန်တီက “ပွဲထွက်ကစားသမားနေရာက မဖယ်ရှားဘူးဆိုတဲ့ ကစားသမားမရှိပါဘူး။ကျွန်တော့်ကစားသမားတွေ ဒဏ်ရာမရဖို့၊ စွမ်းဆောင်ရည်ကောင်းတွေရဖို့ လုပ်ဆောင်သွားမှာပါ။ ဘယ်သူမှ ပထမနေရာအတွက် အာမခံချက်မရှိပါဘူး”ဟု ပြောကြားခဲ့သည်။
စပါးအသင်းနည်းပြ ကွန်တီသည် စပို့တင်းလစ္စဘွန်းအသင်းအား နောက်ဆုံးမိနစ်သွင်းဂိုးများဖြင့် ရှုံးနိမ့်ခဲ့ခြင်းအတွက် ဒေါသပေါက်ကွဲနေပြီး အသင်းကစားသမားများကို နားရက်မပေးဘဲ ချက်ချင်းလေ့ကျင့်ခန်း ဆင်းစေခဲ့ကြောင်း သိရသည်။