ဘာစီလိုနာအသင်း၏ ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်က ပီကေးနှင့် အယ်လ်ဘာတို့ ဘာစီလိုနာအသင်း တွင် အရန်ခုံထိုင်နေရခြင်းကို အံ့အားသင့်မိသည်ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် အဆိုပါ၀ါရင့်နောက်ခံလူ နှစ်ဦးကို ယခုရာသီတွင် ပုံမှန်အသုံးပြုခြင်းမရှိဘဲ ပွဲအများစု၌ အရန်ခုံတွင် ထိုင်ခိုင်းထားသည်။
ထို့ပြင် အယ်လ်ဘာကို ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန်စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
ဖာဘရီဂတ်စ်က ၎င်းတို့အား အရန်ခုံထိုင်ခိုင်းထားသည့် နည်းပြ ဇာဗီ၏ ဆုံးဖြတ်ချက်မှာ လက်ခံရန် ခက်ခဲသည်ဟုလည်း ဆိုခဲ့သည်။