spot_img

ရာထူးမှထုတ်ပယ်ခံရပါက ဘရန်ဒန်ရော်ဂျာ ပေါင် (၁၀) သန်းကျော် ရမည်

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာအနေဖြင့် ရာထူးမှထုတ်ပယ်ခံရပါက လျော်ကြေး ပေါင် (၁၀) သန်းကျော်ရမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

လက်စတာအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆) အပြီးတွင် နိုင်ပွဲလုံးဝမရသေးဘဲ (၁)ပွဲသရေ၊ (၅)ပွဲရှုံးထားပြီး ရမှတ်(၁)မှတ်ဖြင့် ဇယားအောက်ဆုံးတွင် ရပ်တည်နေသည်။

myan789

ထို့ကြောင့် ရော်ဂျာသည် လက်စတာနည်းပြရာထူးမှ ထုတ်ပယ်ခံရရန် ဘွတ်ကီဒိုင်များတွင် ရေပန်းစားလျက်ရှိသည်။

သို့သော် ရော်ဂျာသည် လက်စတာအသင်းနှင့် ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိနေပြီး လစာမှာလည်း မြင့်မားရာ ၎င်းကို ရာထူးမှထုတ်ပယ်ပါက လက်စတာအနေဖြင့် အနည်းဆုံးပေါင် (၁၀)သန်းကျော် လျော်ကြေးပေးရမည်ဟု သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular