ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းအား တစ်ရာသီအငှားဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုနွေတွင် ဖရန်ကီဒီယွန်းကို ရောင်းထုတ်လိုနေပြီး မန်ယူနှင့် ချယ်လ်ဆီးတို့က ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ကစားသမားကမူ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း သိရှိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခင်က ဘာစီလိုနာမှ ကော်တင်ဟိုကို အငှားခေါ်ယူခဲ့ဖူးရာ ယခုလည်း ဖရန်ကီဒီယွန်းကို အငှားဖြင့်ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းကမူ ဖရန်ကီဒီယွန်းကို အပြီးသတ်ရောင်းချရန် ပိုမိုလိုလားနေကြောင်း သိရသည်။