spot_img

လီဗာပူး ကစားသမားဟောင်းကို ခေါ်ယူရန် မန်ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဂလန်းမာရေး

ဂလန်းမာရေးက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွေ့ ကာလအတွင်းမှာ လာမည့်ရာသီ ဘာစီလိုနာမှာ နေရာပျောက်ဖို့ များနေတာကြောင့် အသင်း ပြောင်းဖို့ စိတ်ကူးနေတဲ့ ဘာစီလိုနာ စတား လူးဝစ်ဆွာရက်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်း သွားပါတယ်။

ဘရိုက်တန် တိုက်စစ်မှုး ဂလန်းမာရေးက လီဗာပူး တိုက်စစ်မှုးဟောင်းဟာ မန်ယူနိုက်တက်မှာ မားကပ်ရပ်ဖို့ဒ် နဲ့ အန်သိုနီမာစီရယ် တို့ကြား အထောင်တိုက်စစ်မှာ ကစားပြီး အိုးထရပ်ဖို့ဒ် ကလပ်ရဲ့ တိုက်စစ်ကို ပြီးပြည့်စုံ စေလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

myan789

ဘာစီလိုနာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ၈ ဂိုး ၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့် ခဲ့ပြီးနောက် လက်ရှိ အပြောင်းအရွေ့ စျေးကွက်မှာ လူးဝစ်ဆွာရက် အပါအဝင် ကလပ်ရဲ့ ကြယ်ပွင့် ကစားသမား တော်တော်များများကို ရောင်းချကာ အသင်းကို ပြုပြင် ပြောင်းလဲ သွားဖို့ လုပ်ဆောင် နေပါတယ်။

ကတ်တလန် အင်အားကြီး ကလပ်ဟာ လစာနှုန်းထား မြင့်မားလှပြီး အကျပိုင်းကို ရောက်လာနေပြီ ဖြစ်တဲ့ ဆွာရက်ကို ရောင်းချ သွားဖို့ စိတ်အားထက်သန်နေတယ်လို့ စပိန် သတင်း ဋ္ဌာနတွေက ဖော်ပြ နေကြပြီး ဂလန်းမာရေး ကတော့ အထောင် တိုက်စစ်မှုး လိုအပ်ချက် ရှိနေတဲ့ သရဲနီတို့ ဥရုဂွေး လက်ရွေးစင်ကို ခေါ်ယူတာ လက်တွေ့ ကျတဲ့ လုပ်ရပ်လို့ ထောက်ခံ သွားပါတယ်။

မာရေးက ”ကျွန်တော် ကတော့ မာစီရယ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ front three မှာ အစိတ်အပိုင်း တစ်ခု အဖြစ် ကောင်းကောင်း ကစားနိုင်တဲ့ အရည်အသွေး ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော် ကတော့ ဆိုးရှားဟာ အခုချိန်မှာ တစ်ဦးဦးကို အထောင်တိုက်စစ် နေရာ တာဝန်ယူ စေချင်တဲ့ပုံ မရှိဘူးလို့ မြင်ပါတယ်။

ါ့ကြောင့် သူဟာ တိုက်စစ်မှုး ၃ ဦးကို နေရာတွေ ချိန်းကစား စေပြီး သူရွေးချယ်နေတဲ့ မာစီရယ် ၊ ဂရင်းဝုဒ် နဲ့ ရပ်ဖို့ဒ်တို့ ကစားသမား ၃ ဦးကလည်း တိုက်စစ်ပိုင်းရဲ့ နေရာ ၃ ခုစလုံးမှာ သက်တောင့်သက်သာ ကစား နိုင်စွမ်း ရှိကြပါတယ်။

ကျွန်တော် ကတော့ မာစီရယ်နဲ့ ရပ်ဖို့ဒ် တို့ကို တောင်ပံတိုက်စစ်မှာ ကစားစေကာ အလယ်မှာ အထောင်တိုက်စစ်မှုး စစ်စစ်နဲ့ ကစားစေမယ် ဆိုရင် ဒါဟာ မန်ယူနိုက်တက် ကို များစွာ အကျိုး ရှိစေမယ်လို့ ထင်ပါတယ်။ အခု ကျွန်တော့် ခေါင်းထဲ ဝင်လာတာ ကတော့ ဒီအသင်းမှာ တောက်ပ နိုင်မယ့် ကစားသမားဟာ ဗန်နစ္စတယ်ရွိုင်းလို ကစားသမားမျိုးပါ။

မန်ချက်စတာယူနိုက်တက်မှာ ဒီလိုမျိုး လုပ်နိုင်မယ့်သူ ၊ ဂိုးတွေ သွင်းယူ နိုင်သူ ၊ ဒီ front three ရဲ့ ဖိအားတွေကို လျော့ချ ပေးနိုင်မယ့် ကစားသမား တစ်ဦးကို ပြောရမယ် ဆိုရင် ကျွန်တော် ကတော့ ဝုဖ်ရဲ့ ရာအူးဂျီမီနက် ကိုပဲ ပြောသွားမှာပါ။ ဒါမှမဟုတ် ခင်ဗျားတို့ကို အံ့သြစေမယ့် နောက်တစ်ဦး ကတော့ ဘာစီလိုနာက လူးဝစ်ဆွာရက် ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

လူးဝစ်ဆွာရက်ဟာ ဒီရာသီ ဒဏ်ရာ ပြသနာတွေကြောင့် လာလီဂါမှာ ဘာစီလိုနာ အတွက် ၂၈ ပွဲသာ ကစား နိုင်ခဲ့ပေမယ့်လည်း ၁၆ ဂိုးသွင်းကာ အသင်းဖော်တွေ အတွက် ၈ ဂိုး ဖန်တီး ပေးနိုင်ခဲ့ပြီး ကတ်တလန် ကလပ်ကို ဒုတိယနေရာ ရစေခဲ့ပါတယ်။ ဆွာရက်ဟာ ဒီရာသီ ချန်ပီယံလိဂ် မှာလည်း ၇ ပွဲကစားကာ ၅ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular