မန်ယူအသင်းသည် ဘိုလော့ဂ်နာအသင်းမှ သြစတြီးယားတိုက်စစ်မှူး အာနော်တိုဗစ်ကို ပေါင်(၇.၆)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။
မန်ယူနည်းပြ တန်ဟက်ဂ်သည် စီရော်နယ်လ်ဒို၏ အနာဂတ် သေချာမှုမရှိခြင်းကြောင့် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် တိုက်စစ်မှူးတစ်ဦး အားဖြည့်ရန်စီစဉ်နေရာ အာနော်တိုဗစ် (၃၃ နှစ်)ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
အာနော်တိုဗစ်သည် စတုတ်စီးတီးနှင့် ဝက်စ်ဟမ်းအသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဘိုလော့ဂ်နာအသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အာနော်တိုဗစ်အား ခေါ်ယူရန် မန်ယူအသင်း စီစဉ်ခြင်းကို ဘောလုံးသုံးသပ်သူအချို့က ဝေဖန်နေကြောင်း သိရသည်။