spot_img

အသင်းနှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုခဲ့သည့် ဂျိုတာသည် တိုက်စစ်နေရာစုံတွင် ကစားနိုင်သူဖြစ်ကြောင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ချီးကျူး

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းနှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့သည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျိုတာသည် တိုက်စစ်နေရာစုံတွင် ကစားနိုင်သူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဂျိုတာသည် ၂၀၂၀ နွေရာသီတွင် ဝုလ်ဗ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၄၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

myan789

ဂျိုတာသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၅၅) ပွဲတွင် (၂၁) ဂိုးသွင်းယူခဲ့သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ၎င်းကို လစာတိုးပေးကာ ၂၀၂၇ ခုနှစ် အထိသက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဂျိုတာအား နှစ်ရှည်စာချုပ်ချုပ် ဆိုနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ကလော့ပ်က ”အသင်းအတွက် ဂျိုတာ ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကို မြင်ကြမှာပါ။ သူ့ကို စာချုပ်သစ်ချုပ်ဆိုနိုင်တာ တကယ်ကောင်းပါတယ်။ သူဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်သူဖြစ်ပြီး စိတ်ထားလည်း အရမ်းကောင်းပါတယ်။ ဂျိုတာက ကျွန်တော်တို့ မျှော်မှန်းထားတာထက်ကို ပိုကောင်းသူဖြစ်ပြီး နောက်လည်း ကောင်းလာဦးမှာပါ”ဟု ဆိုခဲ့သည်။

ဂျိုတာကလည်း လီဗာပူးလ်အသင်းနှင့် နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုနိုင်သည့်အတွက် ဝမ်းသာကြောင်းနှင့် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular