spot_img

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင် ရှိနေသော်လည်း နယူးကာဆယ်အသင်း ဘဏ်မှ ပေါင်သန်း (၁၄၀) ချေးယူခဲ့ရ

နယူးကာဆယ်အသင်းသည် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ် အသင်းပိုင်ရှင်ဖြစ်သည့် ဆော်ဒီမင်းသားပိုင်ဆိုင်ထားသော်လည်း အသင်းနည်းပြ အက်ဒီဟောင်း၏ အပြောင်း အရွှေ့လှုပ်ရှားမှုများအတွက် ဘဏ်မှ ပေါင်သန်း (၁၄၀) ချေးယူခဲ့ရသည်ဟု သိရှိရသည်။

နယူးကာဆယ်အသင်း၏ ပိုင်ရှင်ဖြစ်သည့် ဆော်ဒီစီးပွားရေးလုပ်ငန်းစု၏ ပိုင်ဆိုင်မှုမှာ ပေါင် (၄၉၅)ဘီလီယံအထိရှိနေသော်လည်း UEFA ၏ ဘဏ္ဍာရေးစည်းမျဉ်းများက ကလပ်အသင်းပိုင်ရှင်များထံမှ ငွေတိုက်ရိုက်ရယူခြင်းကို တားမြစ်ထားသဖြင့် ယင်းကဲ့သို့ ဘဏ်မှ ချေးယူရခြင်းဖြစ်သည်။

myan789

နယူးကာဆယ်အသင်းသည် အသင်းပိုင်ရှင်များထံမှ ငွေတစ်ဖက်လှည့်ဖြင့် ဝင်လာရန်အတွက် စပွန်ဆာစာချုပ်များ ချုပ်ဆိုခဲ့ပါက ငွေအမြောက်အမြား ဝင်လာရန်ရှိနေသော်လည်း လက်ရှိစာချုပ်များကုန်ဆုံးချိန်အထိ တစ်နှစ်ကြာ စောင့်ရဦးမည်ဖြစ် ကြောင်း သိရှိရသည်။

ယင်းအတွက်ကြောင့် နယူးကာဆယ်အသင်းသည် ငွေချေးယူခဲ့ရခြင်းဖြစ်ပြီး HSBC မှ အတိုးနှုန်းထားတစ်ရပ်ဖြင့် ရယူခဲ့ရခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် ဆော်ဒီပိုင်ရှင်များသည် နယူးကာဆယ်အသင်း၏ ရှယ်ယာ (၈၀)ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး အသင်းကို လွှဲပြောင်းရယူပြီးသည့်နောက်ပိုင်း ပေါင်သန်း (၁၅၀) အသုံးပြုပေးထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular