spot_img

ဝက်စ်ဟမ်းအသင်းသည် မိမိအတွက် ပြီးပြည့်စုံသည့်အသင်းတစ်သင်းဖြစ်သည်ဟု အီတလီတိုက်စစ်မှူး ဆကာမာကာ မှတ်ချက်ပြု

ဆာဆူအိုလိုအသင်းမှ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့သွားသည့် အီတလီလက်ရွေးစင်တိုက်စစ်မှူး ဆကာမာကာက ဝက်စ်ဟမ်းအသင်းသည် မိမိအတွက် ပြီးပြည့်စုံသည့် အသင်းတစ်သင်းဖြစ်သည်ဟု အသင်းသစ်နှင့် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ဝက်စ်ဟမ်းအသင်းအနေဖြင့် အသက်(၂၃)နှစ်အရွယ်ရှိ ဆကာမာကာအတွက် ပြောင်းရွှေ့ကြေး ယူရို (၃၆)သန်းနှင့် Add-ons ကြေး ယူရို (၆)သန်းပေးချေရမည်ဖြစ်ပြီး (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။

myan789

ဆာဆူအိုလိုသည် ဆကာမာကာ၏အနာဂတ်အပြောင်းအရွှေ့မှ (၁၀%)အကျိုးခံစားခွင့်ရှိသည့် အချက်ကိုလည်း စာချုပ်တွင် ထည့်သွင်းထားသည်။

”ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ကျွန်တော် အမှန်တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒီအခြေအနေရောက်လာဖို့ အချိန်ကာလတစ်ခုကြာ ကျွန်တော် စောင့်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က အိပ်မက်တစ်ခုပါ။ ဝက်စ်ဟမ်းအသင်းဟာ ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ အသင်းတစ်သင်းလို့လည်း ခံစားရပါတယ်။ သူတို့ဟာ ကျွန်တော့်ကို အမှန်တကယ်အလိုရှိခဲ့ပြီး မန်နေဂျာနဲ့ စကားပြောချိန်မှာ ဒါကို အလိုလို နားလည်ခဲ့ပါတယ်။ ဝက်စ်ဟမ်းဂျာစီဝတ်ပြီး ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာ ပရိသတ်တွေကို သက်သေပြဖို့နဲ့ ကစားခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။ ပရိသတ်တွေနဲ့ အပြန်အလှန်ချစ်ခင်မှုရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ဆကာမာကာက ပြောကြားခဲ့သည်။

အရပ် (၆)ပေ၊ (၅)လက်မ မြင့်သည့် ဆကာမာကာသည် ပြီးခဲ့သည့်ရာသီက ဆာဆူအိုလိုအသင်းအတွက် စီးရီးအေပွဲစဉ် (၃၆)ပွဲအထိ ကစားပေးခဲ့ပြီး (၁၆)ဂိုး သွင်းယူထားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular