မန်စီးတီးအသင်း၏ တိုက်စစ်မှူးသစ် ဟော်လန်းသည် ဘိုင်ယန်မြူးနစ်နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲတွင် မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားမည်ဟု Twitter မှတစ်ဆင့် အတည်ပြုခဲ့ကြောင်း သိရသည်။
ဟော်လန်းသည် ယခုနွေရာသီတွင် ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင် (၅၁)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသင်းနှင့် စတင်ပူးပေါင်းခဲ့သည်။
ထို့နောက် မန်စီးတီးအသင်းနှင့်အတူ အမေရိကန်ခြေစမ်းခရီးစဉ်သို့ လိုက်ပါခဲ့သော်လည်း ကလပ်အမေရိကအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အရန်ခုံ၌သာ ထိုင်ခဲ့ရသည်။
မန်စီးတီးအသင်းသည် ဇူလိုင် (၂၃)တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲ၌ အသင်းအတွက် ပွဲဦးထွက်ကစားမည်ဟု ဟော်လန်းက (၂၂)နှစ်ပြည့်မွေးနေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဇူလိုုင်(၂၁)တွင် (၂၂)နှစ်ပြည့်ခဲ့သည့် ဟော်လန်းက ယင်းအတွက် မန်စီးတီးပရိသတ်များက မွေးနေ့ဆုတောင်းပေးခဲ့ရာတွင် ကျေးဇူးတင်ကြောင်းနှင့် ဘိုင်ယန်နှင့်ပွဲ၌ ပွဲထွက်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။