ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းသည် ဇူလိုင်လ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ရာသီကြိုခြေစမ်းပွဲ သုံးပွဲစလုံး အား ရာနှုန်းပြည့်အနိုင်ရရှိခဲ့သည်။
မန်ယူအသင်းမှ ထွက်ခွာလုနီးပါးဖြစ်ခဲ့သည့် မာစီယဲလ်မှာ တန်ဟက်ဂ်လက်ထက်တွင် ခြေစမ်းပြနေပြီး ရာသီကြိုခြေစမ်းပွဲ သုံးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည်။ မာစီယဲလ်သည် ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရရှိခဲ့သည့်ပွဲတွင် ကိုယ်တိုင်တစ် ဂိုးသွင်းယူသည့်အပြင် ဆန်ချို၏ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်၏ဒုတိယဂိုးတွင်လည်း သူ၏အခန်းကဏ္ဍများစွာ ပါဝင်ခဲ့သည်။
မာစီယဲလ်အနေဖြင့် မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် ၁၅ နှစ်အတွင်း သုံးပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည်။ ယခင်ရာသီ ကြိုခြေစမ်းပွဲ သုံးပွဲဆက်နှင့်အထက် ဂိုးသွင်းထားသူများမှာ စီရော်နယ်လ်ဒိုနှင့် ရွန်နီတို့ ဖြစ်ပြီး ၂၀၀၇-၀၈ ရာသီက အာရှခရီးစဉ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုက အူရာဝရတ်စ်၊ FCဆိုးလ်နှင့် ရှန်ဇန်၊ ရွန်နီက FCဆိုးလ်၊ ရှန်ဇန်၊ ကွမ်ကျိုး Pharmaceutical အင်တာမီလန်တို့နှင့်ပွဲများတွင် ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့သည်။