ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်က ကစားသမားသစ် စတာလင်သည် အသင်းကို နောက်တစ်ဆင့်မြှင့်ပေးနိုင်မည့်သူဖြစ်သည်ဟု ချီးကျူးခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုနွေတွင် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် မန်စီးတီးတောင်ပံကစားသမား စတာလင်ကို ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
စတာလင်နှင့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် တွဲဖက်ကစားဖူးသူ မေဆန်မောင့်က ”စတာလင်က ထိပ်တန်းကစားသမားဖြစ်ပြီး အတွေ့အကြုံရင့်ကျက်သလို၊ ထိပ်တန်းပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ပါတယ်။ စတာလင်ဆီက ကျွန်တော် သင်ယူခဲ့ရတာတွေ အများကြီးပါ။ သူက အသင်းကို နောက်တစ်ဆင့်မြှင့်ပေးနိုင်မယ့်သူဖြစ်ပြီး အတူတွဲကစားဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်”ဟု ပြောကြားခဲ့သည်။