ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ နယ်သာလန် နောက်ခံလူ ဒီလစ်အား ခေါ်ယူရန်အတွက် ဂျာမန်တိုက်စစ်မှူး တီမိုဗာနာနှင့် အမေရိကန်တိုက်စစ်ကစားသမား ပူလီဆစ်တို့ကို အပြောင်းအရွှေ့၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်းသိရသည်။
ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်စ်အသင်းနှင့် ယူရိုသန်း(၁၂၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသည့် ဒီလစ်အတွက် ယူရို(၄၅)သန်းနှင့် တီမိုဗာနာ(သို့မဟုတ်) ပူလီဆစ် တစ်ဦးဦးကို အလိုက်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းက လက်မခံခဲ့ဟု Tuttosport က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းက ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် ဒီလစ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။