spot_img

ပေါ့ဘာ၏ မှတ်တမ်းဗီဒီယို The Pogmentary မှာ ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံအစီအစဉ်များအတွက် သတ်မှတ်ချက်ပေးသည့်အဆင့် အဆိုးဆုံးအဖြစ် ၁ ဒသမ ၁ သာရရှိ

မကြာသေးမီက ထုတ်လွှင့်ပြသ ခဲ့သည့် ပေါ့ဘာ၏ ” The Pogmentary” မှတ်တမ်းရုပ်ရှင်မှာ ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံအစီအစဉ်များအတွက် အဆင့်သတ် မှတ်ချက်ပေးသည့် IMDb (International Movie Database)သတ်မှတ်ချက်အဆိုးဆုံး အဖြစ် ၁ ဒသမ ၁ သာ သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းမှတ်တမ်းရုပ်ရှင်မှာ ပေါ့ဘာ၏ မန်ယူအသင်း ကစားသမားဘဝအကြောင်း နှင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် အဓိကအကြောင်းရင်းကို ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။

myan789

ပေါ့ဘာက မန်ယူအသင်း၏ တစ်ပတ် လစာ ပေါင်သုံးသိန်းအထက်ဖြင့် ကမ်းလှမ်းမှုမှာ အရေးမပါကြောင်း ပြောကြားထားသည့် ပြကွက်အပါအဝင် အငြင်းပွားဖွယ်အခြေ အနေများပါဝင်သည့် အဆိုပါမှတ်တမ်းရုပ်ရှင်ကို Amazon Prime တွင် ပြသခဲ့ခြင်းဖြစ် သည်။

The Pogmentary မှတ်တမ်းရုပ်ရှင်မှာ IMDb အဆင့်သတ်မှတ်ချက် ၁ ဒသမ ၁ သာ သတ်မှတ်ခံခဲ့ရပြီး သမိုင်းတစ်လျှောက်အဆင့်အနိမ့်ဆုံး သတ်မှတ်ချက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular