ရိုးမားနည်းပြ မော်ရင်ဟိုသည် အက်သလက်တီကိုအသင်းမှ စပိန်ကွင်းလယ်ကစားသမား ဆာအူလ်ကို ခေါ်ယူရန် မျက်စိကျနေကြောင်း သိရသည်။
ဆာအူလ်(၂၇ နှစ်)သည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းထံ အငှားသွားရောက်ကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အက်သလက်တီကိုအသင်းထံ ပြန်လည်ရောက်ရှိခဲ့သည်။
အက်သလက်တီကိုအသင်းက ၎င်းကို အသင်းတွင် နေရာပေးလိုခြင်းမရှိတော့ဘဲ ထပ်မံအငှားချရန် စီစဉ်နေသည့်အတွက် မော်ရင်ဟိုက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။
သို့သော် ဆာအူလ်အား ပေးချေရမည့် လစာငွေမြင့်မားမှုကြောင့် ရိုးမားအသင်း အခက်တွေ့နေကြောင်းလည်း သိရသည်။